Digital Thermometer
Digital Thermometer Project မှာ TI (Texas Instruments) က ထုတ်တဲ့ LM35 ကို သုံးပြီး လေထဲက အပူချိန်ကိုဖတ်ပါမယ်။ ထို့နောက် LED ၆ လုံးက အပူချိန် ၂၀ ဒီဂရီ စင်တီဂရိတ်ထက်ကျော်ရင် မီးလင်းလာမှာပါ။ ဒီ Project မှ LM35 ကို ဘယ်လိုအသုံးပြုနိုင်တယ်ဆိုတာကို လေ့လာနိုင်မှာဖြစ်ပြီး LED ကို Arduino မှ ဘယ်လို Control လုပ်နိုင်မလဲဆိုတာကိုပါ လေ့လာနိုင်ပါလိမ့်မယ်။
Window Alarm (Output)
Window Alarm ဆိုတာ အိမ် တံခါးမှ တပ်ထားတဲ့ Alarm စနစ်ကို ပြောတာပါ။ အောက်က ပုံမှာ တဖက်က သံလိုက် နဲ့ နောက် တဖက်က သံလိုက်ဓါတ်ကို အာရုံခံတဲ့ Reed Switch ပါတဲ့ Circuit ပါ။ Window Alarm Project မှာ Reed Switch အာရုံခံ ကိရိယာလေးနဲ့ Arduino ဘယ်လို အလုပ်လုပ်မယ်ဆိုတာ ဆွေးနွေးပါ့မယ်။