Arduino ကို လေ့လာလို့နည်းနည်းအဆင့်မြင့်လာပြီဆိုရင် Arduino IDE ထဲကို မိမိ အသုံးလိုတဲ့ Ready Made Library တွေကို ထည့်သွင်းအသုံးပြုတတ်ဖို့လိုအပ်လာပါပြီး။ ဒီ Tutorial မှာ Accelerometer_ADXL345-master.zip Library ကို ဘယ်လိုထည့်သွင်းမယ်ဆိုတဲ့ အကြောင်းလေ့လာသွားပါမယ်။
မိမိထည့်လိုသော Arduino Library ကို Download လုပ်ပါ။
Sketch->Include Library->Add .zip Library ကို သွားပါ။
ထို့နောက် မိမိသွင်းလိုသော .zip File ကို ရွေးပေးပါ။
အောင်မြင်ပါက Library Added to your libraries စာသားပေါ်လာမည်။
.zip File ကို အသုံးပြုတာ လွယ်ကူပါသည်။ .zip မဟုတ်ပါက File အားလုံးကို zip လုပ်ပြီးထည့်လည်းရသည်။ Library File တွင် အနည်းဆုံး .cpp တစ်ခု၊ .h File တစ်ခုပါဝင်မည်ကို သတိပြုပါ။
ထို့နောက် မိမိထည့်သွင်းထားသော Library မှ အသင့်ပါသော Example Code ကို ဖွင့်ပြီး လေ့လာနိုင်ပါပြီး။