Zigbee ဆိုတာ ကြိုးမဲ့ ဆက်သွယ်ရေးစနစ်တခုမှာ သုံးတဲ့ Protocol Specification တစ်ခုပဲဖြစ်ပါတယ်။ Zigbee နည်းပညာသည် Low Power Digital Radio စနစ် တစ်ခုဖြစ်ပြီး သူရဲ့ Standard ကတော့ IEEE 802.15 ဖြစ်ပါတယ်။ Zigbee ကို Personal Local Network System တွေမှာ အသုံးပြုကြတယ်။ အလုပ်လုပ်တဲ့ Frequency ကတော့ 2.4GHz ဖြစ်ပါတယ်။
Zigbee အကြောင်းကို အသေးစိတ်သိရှိလိုပါက အောက်ပါလင့်မှာ ဖတ်ရှုနိုင်ပါတယ်။
http://en.wikipedia.org/wiki/ZigBee
ဒီ Project မှာ Arduino နဲ့ XBee ဘယ်လို ချိတ်ဆက်ပြီး စမ်းသပ်နိုင်တယ်ဆိုတာ ကိုပြောပြသွားပါမယ်။
Setup
Arduino နဲ့ Xbee Communication ကို စမ်းသပ်ဖို့ Arduino Uno ၁ ခု၊ Zigbee Module ၂ ခု (From http://www.digi.com/)၊ UART-RS232 Converter ၁ ခုလိုအပ်ပါတယ်။
စမ်းသပ်ဖို့ ချိတ်ဆက်ပုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
Computer PC မှ Zigbee ကို ချိတ်ဆက်အလုပ်လုပ်ဖို့ X-CTU Software လိုအပ်ပြီး အောက်ပါလင့်မှ တဆင့် ဒေါင်းလုပ် လုပ်ယူနိုင်ပါတယ်။
http://www.digi.com/support/productdetail?pid=3352&osvid=57&type=utilities
Arduino နှင့် Zigbee ဆက်သွယ်ပုံ
Arduino နှင့် Zigbee ဆက်သွယ်ပုံ
Arduino နှင့် Zigbee ကို အောက်ပါအတိုင်း ရိုးရိုးရှင်းရှင်းပဲ ဆက်သွယ်အသုံးပြုနိုင်ပါတယ်။
Arduino <—> XBee
+5V<—>+5V
GND<—>GND
Digital Pin 2<—>TxD
Digital Pin 3<—> RxD
Zigbee, UART-RS232 Converter နှင့် Computer ဆက်သွယ်ပုံ
UART-RS232 Adaptor ကို နေရာ တော်တော်များများမှာ ဝယ်ယူနိုင်ပါတယ်။ Sparkfun ကနေ ဝယ်မယ်ဆိုရင်တော့ အောက်ပါလင့်မှာ တွေ့နိုင်ပါတယ်။
https://www.sparkfun.com/products/449
Zigbee To RS232 Adaptor ဆက်သွယ်နည်းကတော့ အောက်ပါအတိုင်းပါ။
UART-RS232 Adaptor <—> XBee
Vcc<—>+5V
GND<—>GND
RxD<—>TxD
TxD<—> RxD
UART-RS232 Adaptor ကနေ Computer ကိုတော့ RS232 Cable သုံးပြီး ဆက်သွယ်ရုံပါပဲ။ RS232 Connector မပါတဲ့ Computer တွေ Laptop တွေ အတွက်တော့ UART-USB Serial Adaptor လေးဝယ်သုံးရင် ပို အဆင်ပြေပါတယ်။
Zigbee ကို Computer ကနေ ထိန်းချုပ်ဖို့ X-CTU Software လိုအပ်ကြောင်း အပေါ်မှာ ပြောခဲ့ပြီးပါပြီး။
ပထမဆုံး X-CTU Software ကို Run ပြီးရင် Zigbee နဲ့ ချိတ်ဆက်ထားတဲ့ Comm Port ကို ရွေး။
Test / Query ခလုတ်ကို နှိပ်လိုက်ရင် Computer နဲ့ Zigbee ချိတ်ဆက်ထားတာမှန်ခဲ့မယ်ဆိုရင် အောက်ပါ စာကြောင်းလေးကို တွေ့ရမှာပါ။
နောက်ဆုံး X-CTU Software ရဲ့ “Terminal” tab ကို နှိပ်ထားလိုက်ပါ။ Zigbee Communication Testing လုပ်ဖို့ အဆင်သင့်ဖြစ်ပါပြီး။
X-CTU Software နဲ့ Zigbee Configure အကြောင်းကို အသေးစိတ်ကြည့်ရှုလိုပါက အောက်ပါလင့်မှာ ဖတ်ရှုနိုင်ပါသည်။
http://www.ladyada.net/make/xbee/configure.html