Arduino Button
ဒီ Project မှာ Button တစ်ခုကို Arduino နဲ့ ဘယ်လို သုံးနိုင်မလဲဆိုတာကို ဆွေးနွေးသွားပါမယ်။
Circuit Diagram
Pin 2 ကို Digital Input အနေနဲ့ Button အတွက် သုံးထားပါတယ်။
Pin 13 ကို Digital Output အနေနဲ့ LED ကို ထိန်းချုပ်ဖို့ သုံးပါတယ်။
အလုပ်လုပ်ပုံ
Button ကိုနှိပ်လိုက်ရင် LED မီးလင်းလာမယ်။
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 |
// constants လို့ ကြေငြာရင် Running Time မှာ တန်ဖိုး ပြောင်းတာကို ကာကွယ်နိုင်တယ်။ // Pin Number တွေကို သတ်မှတ်ပါ။ const int buttonPin = 2; //Button အတွက် Pin 2 လို့ သတ်မှတ်မယ်။ const int ledPin = 13; // LED အတွက် Pin 13 // const လို့ မပြောထားတော့ Running Time မှာ တန်ဖိုးပြောင်းချင်ရင် ပြောင်းနိုင်ပါတယ်။ int buttonState = 0; // Button State (နှိပ်ထားသလား၊ မနှိပ်ဘူးလား အခြေအနေကို သိချင်လို့ သုံးထားတာပါ။) //သုံးမယ် Hardware တွေ အားလုံးကို စတင်အလုပ်လုပ်နိုင်အောင် Setup() Funciton ထဲမှာ သတ်မှတ်ရပါတယ်။ void setup() { // LED pin က OUTPUT အနေနဲ့ သုံးမှာဖြစ်တဲ့ အတွက် OUTPUT လို့ကြေငြာပါ။ pinMode(ledPin, OUTPUT); // Button pin က INPUT အနေနဲ့ သုံးမှာဖြစ်တဲ့ အတွက် INPUT လို့ ကြေငြာပါ။ pinMode(buttonPin, INPUT); } /*loop() Function ကတော့ Arduino ရဲ့ Main Function လို့ ပြောရမှာပါ။ ဒီထဲက အရာတွေအားလုံးကို တစ်ကြောင်းပြီး တစ်ကြောင်း execute လုပ်သွားမှာပါ။ နောက်ဆုံး အကြောင်းရောက်သွားရင် အစဆုံးအကြောင်းကို ပြန်စမှာပေါ့။*/ void loop(){ //Button နှိပ်ထားသလားဖတ်ပါ။ buttonState = digitalRead(buttonPin); // အကယ်၍ နှိပ်ထားခဲ့ရင် buttonState က High ဖြစ်မှာပါ။ // buttonState High ဖြစ်ခဲ့ရင် LED မီးလင်းပေးလိုက်ပါ။ if (buttonState == HIGH) { // LED မီးလင်းဖို့ ဆိုရင် LED Pin ကို High လုပ်ပေးရမှာပါ။ digitalWrite(ledPin, HIGH); } else { // အကယ်၍ မနှိပ်ထားခဲ့ရင် LED pin ကို LOW လုပ်ပြီး မီးမှိတ်ထားနိုင်ပါတယ်။ digitalWrite(ledPin, LOW); } } |