
Automatic Water Level Controller (Upper Tank and Ground Tank)
Water Level Controller ဆိုတာ မြန်မာလို အလို အလျှောက်ရေတင်စက်ပါပဲ။ မြန်မာနိုင်ငံ တိုက်ခန်းတွေမှာ အပေါ်ကန်၊ အောက်ကန်လို ၂မျိုးတွဲသုံးထားပါတယ်၊ အောက်ကန်ရေပြည့်မှ သာ အပေါ်ကန်ကို ရေတင်လို့ရပါသည်။
ဒီ Project မှာ ရေအနေအထားကို တိုင်းတာတဲ့ အခါ Conductive Method (လျှပ်ကူးနည်း) ကို အသုံးပြု ထားပါသည်။ ပုံတွင် အောက်ကန် အရေအပြည့် ရှိမရှိ Arduino ရဲ့ A2 က တိုင်းတာပြီး အပါ်ကန်အတွက် ရေအပြည့် ရှိမရှိကို A1, ရေတဝက်ရှိမရှိကို A0 မှ တဆင့် တိုင်းတာ သိရှိနိုင်သည်။ အကယ်၍ အောက်ကန်ကို ရေတဝက် အနေအထားကို တိုင်းလိုပါက အထက်ကန် နည်းလမ်းအတိုင်း မိမိလိုအပ်သလို အသုံးပြု နိုင်ပါသည်။
ဤ Project အတွက် Conductive Wire ကို အသုံးပြုရာတွင် သံချေးမတက်နိုင်သော Copper Wire ကို သုံးက ပို အဆင်ပြေနိုင်သည်။ ဝါယာကြိုးရှည်လားပါက Resistance တက်လာသောကြောင့် တိုင်းတာရရှိသော Voltage ပမာဏ နည်းသွားနိုင်သည်။
Coding
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 |
int upTankHalf=A0; //Arduino A0 Pin int upTankFull=A1; //A1 Pin int lowTankFull=A2; // A2 Pin //ရေ ပန့် Relay သို့ int pumpPin = 7; int pumpFlag = 0; //Read Value Variable int upTankHalf_value=0; int upTankFull_value=0; int lowTankFull_value=0; void setup() { // Input Pin အဖြစ်သတ်မှတ်မည် pinMode(upTankHalf,INPUT); pinMode(upTankFull,INPUT); pinMode(lowTankFull,INPUT); //Output Pin အဖြစ် သတ်မှတ်မည်။ pinMode(pumpPin,OUTPUT); } void loop() { //ရေ ရှိမရှိ စစ်ပါ upTankHalf_value = analogRead(upTankHalf); upTankFull_value = analogRead(upTankFull); lowTankFull_value = analogRead(lowTankFull); //အောက် ကန်ရေရှိနေလျှင် သို့ ရေမော်တာမ မောင်းထားလျှင် if (lowTankFull_value > 200 && pumpFlag == 0 ) { //အပေါ်ကန် ရေရှိမရှိ စစ်။ တန်ဖိုးများကို စမ်းသပ်ပြီး ပြောင်းလဲရဦးမည်။ if(upTankHalf_value < 100 || upTankFull_value <200) { digitalWrite(pumpPin,HIGH); pumpFlag = 1; } else { //ရေရှိနေလျှင် ရေ တင်စရာမလိုပါ။ မော်တာပိတ်ပါ။ digitalWrite(pumpPin,LOW); pumpFlag = 0; } } else { //အောက်ကန် ရေမရှိ၍ ရေမတင်ပါနှင့်၊ digitalWrite(pumpPin,LOW); pumpFlag = 0; } } |