Competition

[captainform id=”751639″]

Presentation Template

[tx_button style=”default” text=”Download Template” url=”http://www.easydevboards.com/wp-content/uploads/2016/10/Arduino-Competion-Pitch-V3-Template.pptx” color=”#dd3333″ textcolor=”#ffffff” target=”self”]

Rules & regulations

  • Arduino ပြိုင်ပွဲတွင် အဆင့် ၂ ဆင့် ဖြင့် ကျင်းပသွားမည်ဖြစ်သည်။
  • ပထမအဆင့်တွင် ONE PAGE SLIDE ဖြစ်ပြီး မိမိ၏ ပြုလုပ်မည့် Project ၏ Idea, အကျိုးရှိမှု တို့ကို Page ၁ခုထဲတွင် ပြည့်စုံအောင်ဖော်ပြရမည်။
  • ပထမအဆင့်မှ ၁၀ ဖွဲ့ကိုသာ ရွေးချယ်ပြီး ဒုတိယအဆင့် Complete Project Idea ကို ဝင်ရောက်နိုင်မည်။
  • အမှတ်ပေးရာတွင် အမှတ်ပေးရွေးချယ်ရေး အကဲဖြတ် အဖွဲ့ ၏ ဆုံးဖြတ်ချက်ကို ငြင်းပယ်ခွင့်၊ အငြင်းပွားခွင့် မရှိပါ။အငြင်းပွားဖွယ် အခြေအနေများကြုံတွေ့ရပါကလည်း အကဲဖြတ် အဖွဲ့ ၏ ဆုံးဖြတ်ချက်သည်သာ အမှန်ဟု မှတ်ယူမည်။
  • ပြိုင်ပွဲတွင် အထက်မြန်မာပြည် နှင့် အောက်မြန်မာပြည် ဟူ၍ ၂ ပိုင်းခွဲထားသည်။ မိမိနှင့် သက်ဆိုင်သော အဖွဲ့တွင်သာ ဝင်ပြိုင်နိုင်သည်။
  • ဒုတိယအဆင့် ဝင်ရောက်ခွင့် ရရှိသူများ အနေဖြင့် မိမိ၏ ကျောင်းသားကဒ်ကို ပြရမည်ဖြစ်ပြီး ကျောင်းပြီးသွားသူဖြစ်ပါက ဘွဲ့လက်မှတ်ကို ပြသရန်လိုအပ်မည်။
  • အစိုးရဝန်ထမ်းဖြစ်ပါက မိမိ၏ အထက်လူကြီး၏ ခွင့်ပြုချက် ပါရှိရန်လိုအပ်သည်။
  • Final Presentation ကို ရန်ကုန်နှင့် မန္တလေးမြို့တွေမှာ ပြုလုပ်မှာဖြစ်သည်။ အသေးစိတ်ကို ထပ်မံ အကြောင်းကြားမည်ဖြစ်သည်။
  • ပထမအဆင့် ပြိုင်ပွဲ အတွက် ပြိုင်ပွဲဝင်ခွင့်ရမည့် နေ့ရက်များ
  • စတင်သည့်ရက်စွဲ: 15/10/2016
  • နောက်ဆုံးရက်စွဲ: 14/11/2016
  • ဒုတိယအဆင့် ပြိုင်ပွဲ အတွက် ပြိုင်ပွဲဝင်ခွင့်ရမည့် နေ့ရက်များ
  • စတင်သည့်ရက်စွဲ: 15/11/2016
  • နောက်ဆုံးရက်စွဲ: 15/12/2016
  • ပထမအဆင့်တွင် ရွေးချယ်ခံရသူများကို ဒုတိယအဆင့် ဝင်နိုင်ရန် Myanmar Arduino Group မှ အသိပေးသွားမည်ဖြစ်သည်။

ပထမအဆင့် အတွက် လိုအပ်ချက်များ

  • ONE PAGE SLIDE အတွက် စာမျက်နှာ ၁ ပုံစံ (Template) ကို သုံးရမည်။
  • စာမျက်နှာ ၂ တွင် မိမိ၏ အသင်းအမည်၊ ပါဝင်သည့်သူများနှင့် အခြားအချက်အလက်များကို ထည့်သွင်းရမည်။
  • Microsoft Presentation File (.pptx) or PDF File Format ကိုသာလက်ခံမည်။
  • မိမိ၏ ပြိုင်ပွဲဝင် File ကို ပေးပို့ရမည့် Website Link နှင့် မည်သို့ အသုံးပြုရမည်ကို သီးသန့်ကြေညာပေးမည်။

ဒုတိယအဆင့် အတွက် လိုအပ်ချက်များ

  • ONE PAGE SLIDE ကို ရွေးချယ်အဖွဲ့ အားပိုမိုနားလည်စေရန် အကျယ်ချဲ့ ရှင်းပြရမည်ဖြစ်သည်။
  • မိမိ၏ Product ကို စမ်းသပ်ပြုလုပ်ပြီး ပြသလိုသည့် သူများအတွက် ဖန်တီးရာ၏ MakerSpace Lab ကို ယူသုံးခွင့်ရှိပြီး ဖန်တီးရာမှ တတ်နိုင်သလောက်ကူညီပံ့ပိုးပေးသွားမည်ဖြစ်သည်။
  • Final Presentation လုပ်ရာတွင် မိမိ၏ Idea ကို Product သို့ပြောင်းရာတွင် မည်သည့် Hardware, Component, Programming Language များအသုံးပြုပြီး တည်ဆောက်မည်ကို Block Diagram or Schematic စသည်တို့ဖြင့် ရှင်းလင်း ပြသနိုင်သည်။
  • Presentation Format ကို အချိန်ကျရောက်လာပါက ထုတ်ပြန်ပေးသွားမည်။
  • Presentation လုပ်ချိန်မှာ ၁၅ မိနစ်ဖြစ်သည်။
  • Presentation သို့ မတက်ရောက်နိုင်ပါက Video ရိုက်ပြီး ကြိုတင်ပေးပို့ထားနိုင်သည်။ Presentation နေ့တွင် ရွေးချယ်စီစစ်ရေးအဖွဲ့သို့ တင်ပြသွားမည်ဖြစ်သည်။

Important Notice

  • ပြိုင်ပွဲဝင်သူများမှ ဆုရသူများ၏ Project Idea များကို Myanmar Arduino Group အနေနှင့် Facebook မှာ ဖော်ြပရမည်ဖြစ်သောကြောင့် မူရင်းတီထွင်သူ၏ မူပိုင်ခွင့်ကို ထိခိုက်နိုင်ပြီး ကာကွယ်ပေးနိုင်မည် မဟုတ်ပါ။ သို့သော် ONE PAGE IDEA သာ ထုတ်ဖော်ပြမည်ဖြစ်ပြီး Complete Project ကို ပြသွားမည် မဟုတ်ပါ။
  • Final Presentation နေ့ရက်တွင် လာရောက်ကြည့်ရှုသူများက Project Idea ၁ ခုလုံးကို ကြည့်ရှုမည်ဖြစ်သောကြောင့် မူပိုင်ခွင့်ကို မည်သို့မျှကာကွယ်နိုင်မည် မဟုတ်ပေ။
  • MYANMAR ARDUINO GROUP မှ Project Idea ကို မူရင်း တီထွင်ဖန်တီးသူက MYANMAR ARDUINO GROUP အဖွဲ့အား အသုံးပြုခွင့်ပြုရမည်။ အသုံးပြုသည့်အခါ MYANMAR ARDUINO GROUP အဖွဲ့က မူရင်း တီထွင်သူကို အသိပေးသွားမည်ဖြစ်သည်။
  • Idea TO PRODUCT REALIZATION လုပ်ပေးဖို့ စဥ်းစားထားပါသဖြင့် မူရင်းတီထွင်ဖန်တီးသူနှင့် တွဲဖက်၍လည်း တကယ့် Product ထုတ်ပေးဖို့ စဥ်းစားသွားမည်ဖြစ်သည်။ (OPTIONAL)

Prize

  • ပထမဆု – ငွေသား ၃ သိန်း
  • ဒုတိယဆု – Raspberry Pi 3 + 7″ LCD Touch + Case
  • တတိယဆု – Raspberry Pi 3
  • ESP8266 NodeMCU, Arduino Uno 3, Arduino Nano 3 နှင့် အခြားဆုမဲပေါင်းများစွာ

About

ကျွန်တော်တို့ အဖွဲ့ဟာ Programme NYE (Nurturing Young Engineers) ကို လွန်ခဲ့တဲ့ ၃ နှစ် 2014 က စတင် တည်ထောင်ခဲ့ပြီး အမိမြန်မာပြည်မှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လို့ မျှော်လင့်ချက်ရောင်ခြည်များလည်း သန်းလာချိန်၊ ကျနော်တို့ ချစ်တဲ့ ကျောင်းတော်ကြီး (ရန်ကုန်နည်းပညာတက္ကသိုလ်) လည်း သားငယ်သမီးငယ်များနဲ့ ပြန်လည် စည်ကားလာချိန် ဖြစ်ပါတယ်။ ကျောင်းတော်ကြီးမှာ တက်ရောက် ပညာဆည်းပူးနေကြတဲ့ အနာဂတ်ကို ဖန်တီးမယ့် မျိုးဆက်သစ် အင်ဂျင်နီယာ ဗိသုကာလောင်း ညီငယ်ညီမငယ်များကို ကျနော်တို့ သိတဲ့ အသိ၊ ကျနော်တို့ တတ်နိုင်တဲ့ ငွေကြေးခွန်အားနဲ့ ကျနော်တို့တုန်းကလို အောက်ကျနောက်ကျ ချို့ချို့ငဲ့ငဲ့ မဖြစ်ရလေအောင် ကူညီနိုင်ဖို့ ရည်ရွယ်ပြီး ဒီ Group ကို စုစည်းပါတယ်။
Facebook page ကတော့ https://www.facebook.com/groups/projectnye/ ပါ။
Myanmar Arduino Group စတင်ချိန်က YTU အပါအဝင် အခြား TU များလည်း ပါဝင်ခွင့်ရအောင်ဆိုပြီး သပ်သပ်ထပ်ဖွဲ့ခဲ့တာ အခုဆိုရင် အဖွဲ့ဝင်ပေါင်း ၁၅၀၀ ကျော်လောက်ရှိလာပါပြီး။ အဲ့တော့ အခုလည်း တနိုင်ငံလုံးက နည်းပညာ ကျောင်းသားကျောင်းသူများ လေ့လာခဲ့သော နည်းပညာများကို အမိမြန်မာပြည်အတွက် အသုံးချနိုင်ဖို့ရာ မြန်မာနိုင်ငံလုံးဆိုင်ရာ Arduino ပြိုင်ပွဲ ကျင်းပရခြင်းဖြစ်သည်။
ထို့ကြောင့် အဖွဲ့ဝင်များကို သိထားသင့်တယ်လို့ယူဆပါတယ်။
ထိုသူတွေကပဲ အမှတ်ပေး အကဲဖြတ်သွားမှာပါ။

  • Dr Yan Naing Aye (Specialist in Robotics)
  • Dr Yan Lin Aung (Specialist in Embedded System)
  • Thiha Kyaw (Specialist in Wireless Technology)
  • Ye Myint (Specialist in Embedded System)
  • Aung Ko Ko Thet (Specialist in Product Development)
    And many more…

10945670_10152895428757681_6274031130853897207_n