
Control a Servo Motor Using Bluetooth
ဒီ Project မှာ Servo Motor ၁ လုံးကို Bluetooth မှ တဆင့် Android App ကို အသုံးပြုပြီး ထိန်းချုပ်နည်းကို ပြောပြပါမည်။
Arduino Uno, HC-05 or HC-06 Bluetooth Module နှင့် Servo Motor တို့ ဆက်သွယ်ပုံကတော့ အောက်ပါအတိုင်းဖြစ်ပါသည်။
အလုပ်လုပ်ပုံ
Android App မှ တဆင့် Bluetooth Module ကို ချိတ်ဆက်ပြီးနောက် Bluetooth communication ကို သုံးပြီး Servo Motor ၏ လည်ပတ်ရန် ဒီဂရီ (Angle) ကို Arduino သို့ ပေးပို့မည်။ Arduino က လက်ခံရရှိသော အချက်အလက်ကိုသုံးပြီး Servo Motor ကို လည်ပတ်စေမည်။ ဥပမာ၊ Servo Motor ကို ၄၅ ဒီဂရီ လည်ပတ်ချင်ပါက Android App မှ ၄၅ ဒီဂရီကို ရွေးပြီး အမိန့်ပေးခိုင်းစေကာ Servor Motor ကို လည်ပတ်စေခြင်းဖြစ်သည်။
Widget not in any sidebars
Coding
Widget not in any sidebars
Android App
Download Here..Widget not in any sidebars
servocontrol app ကို Install လုပ်ပြီး ဖွင့်ပါ။ အောက်ပါအတိုင်းမြင်ရမည်။ HC-05 or HC-06 Bluetooth ကို ဖုန်းဖြင့် အရင် ချိတ်ဆက်ထားဖို့လိုအပ်သည်။
ထို့နောက် “Click Here to select Bluetooth” ခလုပ်ကို နှိပ်ပြီး Bluetooth ကို ရွေးချယ်ပါ။ Bluetooth နှင့် ချိတ်ဆက်ပြီးပါက servo motor ကို ထိန်းချုပ်မောင်းနှင်နိုင်ပေပြီး။
ဤ App တွင် Servo Motor ကို ထိန်းချုပ်ရာ၌ ခလုပ်များ 0, 45, 90 degree အစရှိသဖြင့်ထိန်းချုပ်နိုင်သလို Sliding Bar ကို ရွေ့ပြီးလည်း ထိန်းချုပ်နိုင်သည်။
Go To Tutorial ခလုပ်ကို ထည့်သွင်းပေးထားပြီး Tutorial ကို App မှ တိုက်ရိုက်ဖတ်ရှုနိုင်အောင် စီစဥ်ပေးထားသည်။