How to read a transistor?
လွန်ခဲ့သော ၁၉ရာစု ကာလများက Internet မထွန်းကားသေးသော အချိန်တွင် Transistor ၁ လုံး Base, Collector, Emitter များသိရန်အတွက် Analog Meter အသုံးပြုတိုင်းတာခဲ့ကြရသည်။ Internet သုံးစွဲလာနိုင်သည့်နောက်တွင် တိုင်းတာစရာမလိုတော့ပဲ Datasheet ဖတ်တတ်ဖို့က ပိုမို အရေးကြီးလာသည်။
2N3904 NPN Transistor တလုံးကို လေ့လာကြည့်ပါစို့။
Pin Location
2N3904 Data Sheet တွင် BCE နေရာများကို အောက်ပါအတိုင်းတွေ့ရမည်။
Transistor အသုံးပြုဖို့ သူ့ရဲ့ အချက်အလက်များကို သိရှိဖို့ လိုအပ်သည်။ Transistor တလုံးကို Switch အနေနဲ့ အသုံးပြုချင်ပါက VBE voltage ကို သိဖို့လိုသည်။ Datasheet တွင် VBE (Base-Emitter Voltage) ကို 6V ထက်ပိုမပေးရပါ။
Typical တန်ဖိုးများလည်း သိရှိဖို့လိုအပ်သည်။
ပုံတွင် VBE ကို 0.95 V ကျော်ပြီးပေးမှ Transistor သည် Switch အနေနှင့် အလုပ်လုပ်မည် ဖြစ်သည်။ 0.95 V အထိ Amplifier အနေနှင့် အသုံးပြုသော Region အတွင်းသာရှိနေမည်ဖြစ်ပြီး Gain က 300 ဖြစ်သည်။
Package
Design ဆွဲတော့မည်ဆိုလျှင် မိမိအသုံးပြုမည့် Transistor ရဲ့ Package ကို သိဖို့လိုသည်။ Datasheet တွင် Package ၂ မျိုးရှိကြောင်း ပြထားသည်။ TO-92 AMMOPACK ကို အောက်ပါအတိုင်းတွေ့ရမည်။ Package အချက်အလက်ကို PCB Design ရေးဆွဲရာတွင် အသုံးပြုရပြီး Datasheet ၏ နောက်ဆုံးတွင် ဖော်ပြလေ့ရှိသည်။