Introduction to SIMCOM900 Arduino Shield
ဤပိုစ့်တွင် SIMCOM900 Arduino Shield အခြေခံအကြောင်းဆွေးနွေးသွားပါမယ်။
SIMCOM900 ကို Arduino မှ အခြား လက်ကိုင်ဖုန်း၊ ကွန်ပျူတာများသို့ သတင်းအချက်အလက်များ ပေးပို့ခြင်း၊ လက်ခံယူခြင်းဖြင့် Automatic Control System များအတွက် အသုံးပြု နိုင်သည်။
SIMCOM900 Arduino Shield V1.2 တွင် Soft-switch ပါရှိလာသဖြင့် Arduino မှ တဆင့် SIMCOM900 Module ကို ဖွင့်ပိတ်လုပ်နိုင်သဖြင့် Power Consumption သက်သာအောင် ပြု လုပ်နိုင်သည်။
SIMCOM900 သည် Quad-Band 850 / 900/ 1800 / 1900 MHz တွင် အလုပ်လုပ်သောကြောင့် နိုင်ငံတော်တော်များများတွင် အလုပ်လုပ်သည်။ AT Command ကို အသုံးပြု နိုင်သဖြင့် Arduino မှ တဆင့် ထိန်းချုပ်ရာတွင် လွယ်ကူစေသည်။ Embedded TCP/UDP Stack စနစ်ပါရှိသဖြင့် Data များကို Webserver သို့ တိုက်ရိုက်ပေးပို့ရာတွင် အဆင်ပြေစေသည်။ Speaker နှင့် Headphone Jack ပါရှိသဖြင့် ဖုန်းအနေနှင့်လည်း သုံးနိုင်သည်။ 12 GPIOs, 2PWMs and ADC Pin များပါရှိသဖြင့် လိုသလို ပြောင်းလဲ သုံးနိုင်သည်။ Sleep Mode Current Consumption မှာ 1.2mA ဖြစ်သည်။
Computer, Arduino နှင့် SIMCOM900 Module ချိတ်ဆက်ပုံမှာ အောက်ပါအတိုင်းဖြစ်သည်။
SIMCOM900 ကို အသုံးပြု ဖို့အတွက် AT Command တွေကို နားလည်ဖို့တော့လိုပါတယ်။ AT Command Tester Online tool ကို အသုံးပြုပြီးလည်း စမ်းသပ်နိုင်ပါတယ်။
AT Command ဥပမာ အချို့ ကတော့
AT + CMGF = 1 // SMS ကို Text အနေနဲ့ ပို့ချင်ပါသည်။
AT + CMGS = \”+959420123456\”
//+959420123456 သို့ SMS ပို့ချင်ပါသည်။ ထို့နောက် မိမိပို့လိုသော စာကို ရိုက်ပို့ပြီး CTRL+z ကို နှိပ်ပါ။ Arduino Programming မှာတော့ CTRL+z သည် Char 26 သည်ဖြစ်တာကြောင့် အောက်ပါအတိုင်းပေးပို့နိုင်သည်။
mySerial.println((char)26);//the ASCII code of the ctrl+z is 26
ဤမျှသိလျှင် SIMCOM900 ကို စတင် အသုံးပြုနိုင်ပါပြီး။