Project Requirement (Free Preview)
Project ကို Submit လုပ်ရာတွင် သိသင့် သိထိုက်တော့ အချက်အလက်များ
Circuit Design ကို Schematic ဟု ခေါ်သည်။
၁) Schematic ရေးဆွဲရန် မိမိကြိုက်နှစ်သက်ရာ Software များ အသုံးပြုနိုင်သည်။
၂) Software မရှိသူများ လက်နှင့် ပုံဆွဲပြီး Submit လုပ်ခွင့်ရှိသည်။
၃) Schematic Design ကို နားလည်လွယ်အောင် ရေးဆွဲရမည်။
၄) Bill of Material (BOM)၊ ပစ္စည်းစာရင်းတွင်
- Manufacturer (mfg),
- mfg Part Number,
- Quality ပါရှိရမည်။
Submit လုပ်ရာတွင် လိုအပ်သည့် စာရွက် စာတမ်းများ
၁) Schematic Diagram with Student Signature
၂) Bill of Material (BOM)၊ ပစ္စည်းစာရင်း
၃) Certificate တွင် ဖော်ပြရမည့် မိမိ နာမည် အပြည့်အစုံ (English Only)
Question
စက်ရုံတစ်ခုတွင် ဂိတ်စောင့် လုံခြုံရေး ဝန်ထမ်း၏ Productivity (လုပ်အား) တိုးတက်စေရန် အတွက် Electronics နည်းပညာကို အသုံးပြုပြီး အလုပ် ၂ ခုကို တပြိုင်ထဲ ခိုင်းစေနိုင်ရန် Product ၁ ခုကို Design ရေးဆွဲဖို့ သင့်အား အလုပ်အပ်လာသည် ဆိုပါစို့။
မူရင်း လူအဝင်အထွက် စောင့်ကြည့်ရသည့် အလုပ်လည်း မပျက်၊ အအေးခန်း အပူချိန်ကို စောင့်ကြည့်သည့် အလုပ်လည်း တပြိုင်ထဲလုပ်နိုင်အောင် ဒီဇိုင်းရေးဆွဲခိုင်သည်။
(၁) လူအဝင်သိရှိနိုင်ရန် အတွက်မူ PIR Motion Sensor BISS0001 IC ကို အသုံးပြုမည်ဖြစ်သည်။
လိုအပ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
(က) လူဝင်လာပါက ၁ မိနစ် ကြာ LED မီးလင်းပြရမည်။ ထို့ကြောင့် GPIO ၁ ခု သုံးဖို့လိုမည်။ Tx တွက်ဖို့လိုမည်။
(ခ) လူဝင်လာပြီး ၁၅ မိနစ်အတွင်း PIR Motion Sensor မှ Signal ကို သိရှိရန်မလို။ အဘယ့်ကြောင့်ဆိုသော် လုံခြုံရေးဝန်ထမ်းသည် ထို နေရာ တွင် အဆင့်သင့် ရောက်ရှိနေပြီးဖြစ်သည်။ Ti တွက်ဖို့လိုမည်။
(ဂ) ၁၅ မိနစ်နောက်ပိုင်း လူဝင်လာမှသာ လူဝင်လာကြောင်း အချက်ပြရန်လိုအပ်သည်။
(၂) အအေးခန်း အပူချိန်အတွက် NTC Temperature Sensor ကို အသုံးပြုလိုသည်။ ADC Pin ၁ ခုသုံးဖို့လိုမည်။
လိုအပ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
(က) Temperature 30 degC နှင့် အထက်တွင် LED မီးလင်းပြရန်လိုအပ်ပြီး။30 degC အောက်တွင် မလိုအပ်ပါ။
Debugging လုပ်နိုင်ရန်အတွက် အောက်ပါ Signal များ အတွက် Connector များ ထည့်ပေးရန်လိုအပ်သည်။
(၁) UART Signals
(၂) ISP Signals
မိမိနှစ်သက်ရာ Regulator သုံးနိုင်သည်။
မိမိ၏ ID ကို my account -> Order တွင် ကြည့်ပါ။ Order = #4141 ဆိုပါက နောက်ဆုံး နံပါတ် 1 ကို ယူပါ။ မိမိ နံပါတ် ပေါ်မူတည်ပြီး အောက်ဖော်ပြပါ Microprocess ဖြင့် Design ရေးဆွဲပါ။
Student ID: 1 and 6 = ATmega168PA-AU (3.3V for 1 and 5V for 6)
Student ID: 2 and 7 = ATmega168PA-CCU (3.3V for 2 and 5V for 7)
Student ID: 3 and 8 = ATmega168PA-MMH (3.3V for 3 and 5V for 8)
Student ID: 4 and 9 = ATmega168PA-MU (3.3V for 4 and 5V for 9)
Student ID: 5 and 0 = ATmega168PA-PU (3.3V for 5 and 5V for 0)
Input Voltage to Circuit Design = 9V