MIT App Inventor 2 Android Programming
MIT App Inventor 2 Android Development စနစ်သည် MIT (Massachusetts Institute of Technology) မှ ထုတ်လုပ်လိုက်သော Android App ရေးသားသော IDE စနစ်တခုဖြစ်သည်။ အခြား Android IDE များနှင့် မတူ အလွယ်တကူ ဖန်တီးရေးသားနိုင်အောင် ပြုလုပ်ပေးထားသည်။ Programming Language မသိသောသူများပင် Android App ၁ ခုကို နာရီပိုင်းအတွင်းပြီးစီးအောင် ရေးသားနိုင်သည်။
MIT App Inventor 2 Android IDE တွင် GUI (Graphic User Interface) ရေးသားသောအခါ ဘယ်ဘက်ထောင့်တွင် ပေးထားသော Function များကို သုံးပြီး လွယ်လင့် တကူရေးသားနိုင်သည်။
အထက်ကပုံမှာ Button ကို ယူသုံးထားတဲ့ ပုံဖြစ်ပါသည်။
Code တွေရေးတဲ့ အခါမှာလည်း Block တုံးလေးတွေ ချိတ်ဆက်ရုံလေးနဲ့ အလုပ်လုပ်တာမို့ အခြား Android Programming ရေးသလိုမျိုး အစအဆုံး ရေးနည်း သိစရာမလိုပဲ ရေးသားနိုင်ပါသည်။
MIT App Inventor Tutorial Page ကို အောက်ပါလင့်မှ သွားရောက်ကြည့်ရှုနိုင်ပါသည်။
http://appinventor.mit.edu/explore/ai2/tutorials.html
MIT App Inventor ကိုသုံးပြီး Arduino နှင့် Bluetooth ချိတ်ဆက်ခိုင်းစေခြင်း၊ SMS ပို့ပြီး Arduino + GSM သို့စေခိုင်းခြင်းစသည့် Android ဖုန်း ဖြင့် ချိတ်ဆက်အသုံးချရသော Project တော်တော်များများကို လွယ်လင့်တကူလုပ်ဆောင်နိုင်သွားပါလိမ့်မည်။