Raspberry Pi ကို သုံးပြီး အခြား Electronics Device များကို ထိန်းချုပ်နည်းကို ဆွေးနွေးသွားမည်။
အောက်ပါပုံသည် Raspberry Pi Connector Pin Out ပုံဖြစ်သည်။
RPI ၏ Interactive Pin Out နှင့် Code example များကို အောက်ပါ wepage မှာလည်း ကြည့်ရှုနိုင်သည်။
Accessing IO from Command Line
ဒီဆောင်းပါးတွင် IO Port များကို Command Line မှ တဆင့် အမိန့်ပေးခိုင်းစေနည်းကို ဆွေးနွေးသွားမည်။
IO Port များကို ထိန်းချုပ်နိုင်ဖို့အတွက် root access သာမက superuser access ရှိဖို့လိုအပ်သည်။ ထို့ကြောင့် အောက်ပါ command ကို အရင် ပို့ဖို့လိုမည်။
pi@raspberrypi~$sudo su
root@raspberrypi:/home/pi#echo 25>/sys/class/gpio/export
Export command သည် မိမိထိန်းချုပ်လိုသော GPIO ကို Userspace တနည်းဆိုသော် Linux Kernel အပြင်ဘက်သို့ဆွဲထုတ်လိုသောအခါတွင်သုံးသည်။
root@raspberrypi:/home/pi#cd /sys/class/gpio/gpio25
root@raspberrypi:/sys/class/gpio/gpio25#ls
active_low direction edge power subsystem uevent value
root@raspberrypi:/sys/class/gpio/gpio25#echo out>direction
root@raspberrypi:/sys/class/gpio/gpio25#echo 1>value
root@raspberrypi:/sys/class/gpio/gpio25#echo 0>value
> ကို pipe to လို့ဆိုသည်။ echo function သုံးပြီး 1 ကို value ထဲသို့ ပို့သည်။
Reading A Button
Button ကို GPIO24 တွင်ချိတ်ဆက်ပါ။ Pull-High resistor ၁လုံးတော့ လိုအပ်မည်။
root@raspberrypi:/sys/class/gpio/gpio25#echo 24>/sys/class/gpio/export
root@raspberrypi:/sys/class/gpio/gpio25#cd /sys/class/gpio/gpio24
root@raspberrypi:/sys/class/gpio/gpio24#echo in > direction
root@raspberrypi:/sys/class/gpio/gpio24#cat value
ခလုပ်နှိပ်ထားပါက 0 ရမည်ဖြစ်ပြီး မနှိပ်ပါက 1 ရမည်။ Button ချိတ်ဆက်ပုံကို မိမိပါသာ ချိတ်ဆက် အသုံးပြုပါ။
Command line ကို အသုံးမပြုပဲ Shell Script, Python Language များသုံးပြီး IO Port များကို ထိန်းချုပ်နိုင်ပါသည်။