
How to read Resistors
ယခုအခါတွင် Resistor Package ကို ပုံစံ ၂ မျိုးနှင့် တွေ့မြင်နိုင်သည်။
၁) Path Through Hole (PTH)
၂) Surface Mount Device (SMD) ဆိုပြီး ၂ မျိုး တွေ့ရမှာပါ။
ခေတ်မှီ Electronics ပစ္စည်း အတော်များများမှာတော့ SMD အမျိုးအစားတွေကို အများဆုံး အသုံးပြုကြပါသည်။
၁) PTH Resistor Code ဖတ်နည်း
Resistor တန်ဖိုးတွေဖတ်တဲ့ အခါ resistor color code တွေကို အလွတ်ရနေဖို့ လိုအပ်ပါသည်။ မြန်မာလို အလွတ်ကျက်ရာတွင် အောက်ပါအတိုင်း ကျက်မှတ်နိုင်သည်။
ညို ၁
နီ ၂
မော် ၃
ဝါ ၄
စိမ်း ၅
ပြာ ၆
ရမ်း ၇
ခိုး ၈
ဖြူ ၉
မဲ ၀
ရွှေ = ၅% တန်ဖိုးအပြောင်းအလဲ ရှိမည်
ငွေ = ၁၀% တန်ဖိုးအပြောင်းအလဲ ရှိမည်
တရေးနိုးထမေးလဲ ဖြေနိုင်အောင် အာဂုံဆောင် ကျက်မှတ်ထားရမည်။
ဖတ်ပုံ ဖတ်နည်း အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်သည်။
အရောင် ၃ မျိုးနဲ့ သတ်မှတ်တဲ့ Resistor တွေကိုတော့ အောက်ပါအတိုင်းဖတ်နိုင်ပါသည်။
နီ စိမ်း လိမ္မော် ရွှေ = (၂၅ x [၁၀ x ၃]) = ၂၅၀၀၀ ရပါတယ်။ ထို့ကြောင့် Resistor တန်ဖိုးက 25KOhm ဖြစ်ပါတယ်။
အောက်ပါပုံကိုကြည့်ပြီး အခြား Resistor တန်ဖိုးဖတ်နည်းတွေကိုလည်း သိရှိနိုင်ပါလိမ့်မည်။
2. SMD Package Resistor
SMD Package ကိုဖတ်ရတာ ပိုမိုလွယ်ကူသည်။ တတိယနေရာသည် PTH Package ကဲ့သို့ 10 power တန်ဖိုးပင်ဖြစ်သည်။ သိုသော် (.) တန်ဖိုးများအတွက် R ကိုထည့်သုံးပါတယ်။ ဥပမာ 4.7 Ohm ဆို 4R7, 30.2 Ohm ဆို 30R2 စသဖြင့်ပေါ့။ အထက်ကပုံကိုကြည့်ရင်ပိုမိုနားလည်မှာပါ။
Resistor တွေ သုံးတဲ့ နေရာမှာ သုံးမယ် Power, Voltage,Current စီးဆင်းမှုတွေ မူတည်ပြီး Resistor တွေကို ရွေးချယ် အသုံးပြုဖို့လိုအပ်ပါသည်။
3. Resistor Package and Power Rating
Resistor တွေ သုံးတဲ့ နေရာမှာ သုံးမယ် Power, Voltage,Current စီးဆင်းမှုတွေ မူတည်ပြီး Resistor တွေကို ရွေးချယ် အသုံးပြုဖို့လိုအပ်ပါသည်။ သတ်မှတ်ထားတဲ့ Power Rating ထက်ကျော်လွန်အသုံးပြုပါက Resistor လောင်ကျွမ်းမည်ဖြစ်သည်။
Source: http://www.resistorguide.com/resistor-sizes-and-packages/