
RF Basics
Frequency
Frequency ဆိုတာ RF(Radio Frequency) တစ်ခုလုံးရဲ့ အခြေခံအကျဆုံး အစိတ်အပိုင်းဖြစ်တယ်။ Microwave Theory ပိုင်းမှာလည်း Frequency တန်းဖိုးက အရေကြီးပြီး ရှုပ်ထွေးလွန်းတဲ့ တွက်ချက်မှုတွေမှာ အမြဲနေရာယူနေတာပါ။ Frequency ဆိုတာနဲ့ sin wave နဲ့ cosine wave တွေကို သတိရကြမယ်ထင်ပါတယ်။
Electromagnetic (EM) Wave
Electronic Wave အကြောင်းပြောပြီးဆို Magnetic Wave က နောက်က ဆက်ပါလာတာပါ။ Electronic wave သည် Magnetic wave နှင့် ထော့င်မှန်ကျ သည်။ အောက်ကပုံကတော့ sine wave ကို EM wave အနေနဲ့ ပြထားတာပါ။
Radiation Pattern
Radiation Pattern ဆိုတာ Antenna ကနေ ထုတ်လွတ်လိုက်တဲ့ Power ကို ဖော်ပြသည်လို့ အဓိပ္ပါယ် မှတ်ယူနိုင်သည်။ Radiation Pattern ရဲ့ ပုံက ပန်းသီးတစ်လုံးရဲ့ပုံနဲ့ တူတယ်။ အလယ်ဝင်ရိုးကို EM Wave လုံးဝမလွတ်ထုတ်နိုင်တဲ့ Null Location လို့ခေါ်ပြီး အဲဒီ Null မျဉ်းပေါ်မှာရှိတဲ့ ဘယ် Receiver မဆို Transmitter က လွတ်တဲ့ သတင်းအချက်အလက်တွေကို ရရှိမည်မဟုတ်။
Field Regions
Field Regions ၃ ခုရှိတယ်။
- Far Field (Fraunhofer) Region
- Reactive Near Field Region
- Radiating Near Field (Fresnel) Region
Far Field (Fraunhofer) Region
Far Field Region က အရေးအကြီးဆုံးဖြစ်သည်။ Antenna ရဲ့ Radiation Pattern ကို Far Field Region နဲ့ပဲ အဓိပ္ပါယ်ဖွင့်ဆိုသည်။ Antenna အလုပ်လုပ်တဲ့ Region လို့ သတ်မှတ်လို့ရပါသည်။ Far Field Region ဖြစ်ဖို့ အချက် ၃ ချက်နဲ့ ပြည့်စုံရပါမယ်။
where; R = Far Field Region, D = Dimension of antenna
“>>” ဆိုတာ အရမ်းကြီးရမယ်လို့ အဓိပ္ပါယ်ရတယ်။ အနည်းဆုံး ၁ဝ ဆကြီးရပါမယ်။
Reactive Near Field Region
Reactive Near Field Region ဆိုတာက Antenna ပါတ်ဝန်းကျင်က နေရာတွေကို ဆိုလိုသည်။ Near Field Region ကို အောက်ပါအတိုင်းတွက်ချက်နိုင်သည်။
Radiating Near Field (Fresnel) Region
Radiation Near Field Region ကတော့ Far Field (Fraunhofer) Region နဲ့ Reactive Near Field Region ကြားမှာ ရှိပါသည်။ Radiation Near Field Region ကို အောက်ပါအတိုင်းတွက်ချက်နိုင်သည်။