Posted on

Writing Raspberry Pi Image to SD Card on MAC OS

Windows ပေါ်မှာ Raspberry Pi Image ကို SD Card ရေးတဲ့ နည်းကို ဒီနေရာ မှာ ဖတ်ရှု နိုင်ပါသည်။

Apple က ထုတ်တဲ့ Macbook သုံးတဲ့ သူတွေ အတွက်တော့ ApplePi-Baker App ကို အသုံးပြုဖို့ လိုပါသည်။ ApplePi-Baker Software တွင် SD Card Formatter ပါ ပါရှိပြီးသားဖြစ်တာကြောင့် SD Card Formatter သပ်သပ် ထပ်သုံးစရာတော့ မလိုအပ်ပါဘူး။

၁) SDCard ကို MacBook ရဲ့ SD Card Slot ထဲ ထည့်ပြီး  ApplePi-Baker ကို refresh လုပ်တဲ့ အခါ အောက်ပါ အတိုင်းတွေ့ရပါမယ်။

၂) Prep For NOOBS ကို နှိပ်လိုက်ရင် SD Card ကို Format လုပ်သွားမှာပါ။ SD Card Formatter အလုပ်လုပ်ပုံနှင့် တူပါသည်။

၃) .Img File ကို Select လုပ်ပါ။

၄) Restore Backup ကို နှိပ်ပြီး Image ကို SD Card ထဲ ထည့်ရုံပါပဲ။

Compressed Image File ဖြေနည်း

Windows တွင် Compressed Image File ကို 7zip သုံးနိုင်သည်။ MacBook တွင် Keka Software ကို သုံးနိုင်သည်။ အသုံးပြုပုံမှာ အောက်ပါအတိုင်းဖြစ်သည်။

Software များကို အောက်ပါ လင့် တွင် ဒေါင်းလုပ်လုပ်နိုင်ပါသည်။

[tx_button style=”default” text=”ApplePi_Baker” url=”https://my.pcloud.com/publink/show?code=XZ1IjlZaYxIQ2OxY08HttVWM4mDwpOPRSzk” color=”” textcolor=”#dd1a1a” target=”blank”] [tx_button style=”default” text=”Keka Unzip” url=”https://my.pcloud.com/publink/show?code=XZCIjlZNp9WA79UCSLiVfb8kkpgP8d0tY4k” color=”” textcolor=”#dd1a1a” target=”blank”]