Arduino MKR1000 ကို IoT Project များလုပ်ရန်အတွက် Arduino မှ အသစ်ထပ်မံ ထုတ်လုပ်လိုက်ပါတယ်။ Arduino က ထုတ်လုပ်တဲ့ အတွက် Arduino IDE ကို သုံးပြီး အသုံးပြုနိုင်ပါတယ်။

Atmel ATSAMW25 SoC (System on Chip) ကို အသုံးပြုထားပြီး Cortex M0 Core ပါ။ Arduino Zero လိုပဲ ARM Core ဖြစ်တာကြောင့် သူရဲ့ Computational Power ကတော့ မြင့်ပါတယ်။

သူ့ရဲ့ အားသာချက်ကတော့ LiPo Battery Charging Circuit ပါထားပြီးသားဖြစ်တဲ့ အတွက် Rechargeable LiPo Battery နဲ့ တိုက်ရိုက်သွင်းရုံပါ။

သူလည်းပဲ Arduino Zero လိုပါပဲ။ 3.3V မှာပဲ အလုပ်လုပ်ပါတယ်။ 5V အသုံးပြုထားတဲ့ Circuit တွေနဲ့ ချိတ်ဆက်အသုံးပြုချင်တယ်ဆိုရင်တော့ 3.3V to 5V Level Shifter လေး ထည့်သုံးဖို့လိုပါတယ်။

အပြည့်အစုံကို အောက်ကလင့်မှာ ဖတ်ရှုနိုင်ပါသည်။

Source: Arduino – ArduinoMKR1000