Window Alarm

Window Alarm ဆိုတာ အိမ်တံခါးမှ တပ်ထားတဲ့ Alarm စနစ်ကို ပြောတာပါ။ အောက်က ပုံမှာ တဖက်က သံလိုက် နဲ့ နောက် တဖက်က သံလိုက်ဓါတ်ကို အာရုံခံတဲ့ Reed Switch ပါတဲ့ Circuit ပါ။ Window Alarm Project မှာ Reed Switch အာရုံခံ ကိရိယာလေးနဲ့ Arduino ဘယ်လို အလုပ်လုပ်မယ်ဆိုတာ ဆွေးနွေးပါ့မယ်။

Circuit Diagram

 

window_alarm_bb

window_alarm_schem

အလုပ်လုပ်ပုံ

Window Alarm Project မှာ အပိုင်း ၂ ပိုင်းတွေ့ရမှာပါ။ Reed Switch အလုပ်လုပ်ပုံ နှင့် သီချင်းသံ (Melody) ထွက်ခြင်းပါ။ Reed Switch အလုပ်လုပ်တဲ့ ပုံက Button အလုပ်လုပ်ပုံနဲ့ အတူတူပါပဲ။ Reed Switch ကို Pin 12 နဲ့ ချိတ်ဆက်ထားပါတယ်။ Piezo Speaker လေးကိုတော့ Pin 9 နဲ့ ချိတ်ဆက်ထားပါတယ်။ အသံထွက်ဖို့ အတွက် Arduino ကနေ Piezo Speaker ကို Square Wave ပဲ ပို့ပါမယ်။ Frequency တန်ဖိုးပေါ်မူတည်ပြီးတော့ အသံထွက်တာလဲ ကွာသွားမှာပေါ့။ ထွက်ချင်တဲ့ အသံပေါ်မူတည်ပြီး Tone ကို ဘယ်လိုတွက်နိုင်တယ်ဆိုတာ Coding မှာ ရေးထားပါတယ်။ အောက်က Coding မှာ Reed Switch Control အတွက်ရေးမထားပါဘူး။ Reed Switch အတွက် ဘယ်လိုရေးရင်ကောင်းမလဲ စဉ်းစားကြည့်စေချင်ပါတယ်။

Code

Coding နဲ့ အလုပ်လုပ်ပုံ ကို သေချာနားလည်နိုင်ရန် လက်တွေ့စမ်းသပ်ဖို့တော့ လိုပါတယ်။

error: Content is protected !!
 
%d bloggers like this: