Arduino IDE Installation

နိဒါန်း

ဒီ ကျူတိုရီရယ်မှာ Arduino IDE (Indegrated Development Enviroment) ကို Download လုပ်ပြီး Installation လုပ်နည်း အဆင့်ဆင့်ကို ဆွေးနွေးသွားပါမယ်။ Windows 7, 8 သာမကပဲ Mac OS ပေါ်မှာ အသုံးပြုနိုင်အောင် ဆွေးနွေးထားပါတယ်။

အရင်ဆုံး အောက်ပါ အချက်အလက်တွေ အရင် ပြည့်စုံရမယ်။

A computer (Windows, Mac, or Linux)
An Arduino-compatible microcontroller
A USB A-to-B cable (Computer နဲ့ Arduino ချိတ်ဆက်ဖို့)

alt text

alt text

Windows

Windows 8, Windows 7, Vista, and XP တွေမှာ အောက်ပါအတိုင်း Installation လုပ်နိုင်ပါတယ်။

Windows 8, 7, Vista, and XP

Arduino download page ကို သွားပါ။ Windows အတွက် နောက်ဆုံး Version ကို ဒေါင်းလုပ်လုပ်ပါ။
ဒေါင်းလုပ်လုပ်ပြီးရင် Unzip လုပ်ပါ။ “Extract to “Folder Name”” ကို ရွေးရင်ပို အဆင်ပြေပါတယ်။ Unzip လုပ်ပြီးရင် လုပ်ထားတဲ့ Folder ထဲ က File တွေ Folder တွေကို ဟိုရွေ့ ဒီရွေ့ မလုပ်ကပါ။ လုပ်မိပါက Arduino အလုပ် လုပ်မလုပ် မသေချာနိုင်တော့ပေ။
Arduino ကို USB ကြိုးနဲ့ ချိတ်ဆက်ပြီး Power ON ပါ။ Windows မှာ FTDI Driver Installation လုပ်ပါလိမ့်မည်။ အကယ်၍ Windows 8 အသုံးပြုပါက အောက်ပါ အဆင့်ဆင့် ဆက်လုပ်ကပါမယ်။
အကယ်၍ Windows 8 အသုံးပြုပါက Driver Signing ကို Disable လုပ်ကပါမည်။ အသေးစိတ်ကို Windows 8 Section တွင် ကြည့်ပါ။

Windows 8

Windows 8 မှာ အဆင့်မြင့် လုံခြုံရေးစနစ်ပါဝင်လာသဖြင့် Digital Signature မပါတဲ့ Software Driver တွေကို Installation ပေးမလုပ်ပါဘူး။ Arduino Driver က Unsigned Driver ဖြစ်တဲ့ အတွက် Installation လုပ်ချင်တယ်ဆိုရင် Driver Signing Function ကို Windows 8 မှာ ယာယီ (သို့) အမြဲတမ်း ပိတ်ထားနိုင်ပါတယ်။

Driver signing ကို ယာယီ ပိတ်ထားမယ်ဆိုရင်:

  • Metro Start Screen မှ Settings ကို ဖွင့်ပါ။ (move your mouse to the bottom-right-corner of the screen and wait for the pop-out bar to appear, then click the Gear icon)
  • ‘More PC Settings’ ကို နှိပ်ပါ။
  • ‘General’ ကို နှိပ်ပါ။
  • Scroll down လုပ်ပြီးတော့ ‘Advanced startup’ အောက်က ‘Restart now’ ကို နှိပ်ပါ။
  • ခဏစောင့်ပါ။
  • ‘Troubleshoot’ ကို နှိပ်ပါ။
  • ‘Advanced Options’ ကို နှိပ်ပါ။
  • ‘Windows Startup Settings’ ကို နှိပ်ပါ။
  • Restart ကို နှိပ်ပါ။
  • computer restarts, select ‘Disable driver signature enforcement‘ from the list.

ပုံနှင့်တကွ အဆင့်ဆင့် ပြထားတဲ့ Arduino Windows 8 Installation File ကို ဒီနေရာမှာ ဒေါင်းနိုင်ပါတယ်။

Driver signing ကို အမြဲတမ်း ပိတ်ထားမယ်ဆိုရင် (Recommended တော့မဟုတ်ပါ။ အမြဲပိတ်ထားမည်ဆိုက မည်သည့် ပြသနာဖြစ်မည်ကို စာရေးသူအနေဖြင့် သေချာစွာ မသိပါ):

  • metro start screen ကို သွား
  • “cmd” လို့ ရိုက်လိုက်၊
  • “Command Prompt” ပေါ်မှာ Right click နှိပ်ပြီး “Run as Administrator” ကို ရွေး
  • အောက်က Command ကို Copy / Paste လုပ်၊

bcdedit -set loadoptions DISABLE_INTEGRITY_CHECKS bcdedit -set TESTSIGNING ON

  • Reboot!

Windows 7, Vista, and XP

Windows 7, Vista နှင့် XP တို့တွင် Installation လုပ်ပါက အောက်ပါအတိုင်း လုပ်ဆောင်ပါ။

  • Arduino Board ကို Computer နဲ့ ချိတ်လိုက်တာနဲ့ driver installation process ဆိုတာ ပေါ်လာလိမ့်မယ်။
  • ခဏနေရင် Process Fail ဖြစ်တဲ့ အခါ
  • Start Menu ->Control Panel -> System and Security -> System ကို ဖွင့်
  • Device Manager ကို ရှာပါ။
  • Ports (COM & LPT)အောက်မှာ “Arduino UNO (COMxx)” ရှိရင်တော့ Driver Installation Successful ပါ။ COM & LPT မှာ မတွေ့ ဘူးဆိုရင်တော့ ‘Other Devices’ မှာ ‘Unknown Device’ ဆိုတာတွေ့ပါလိမ့်မယ်။ “Arduino UNO (COMxx)” ပေါ်ပေမယ့် ကောင်းကောင်း အလုပ်မလုပ်ဘူးဆိုရင် အောက်က အဆင့် တွေ အတိုင်း driver Installation ထပ်လုပ်ပေးပါ။

1-300x219

 

  • “Arduino UNO (COMxx)” (သို့) “Unknown Device” port မှာ right click နှိပ်၊ “Update Driver Software” ကို ရွေး
  • “Browse my computer for Driver software” option ကို ရွေး

2-300x150

 

  • Uno’s driver file ဖြစ်တဲ့ “ArduinoUNO.inf” ကို ရွေးပေးပါ။ Driver File ကို Arduino Software Download File ရဲ့ “Drivers” folder မှာရှိပါတယ်။ “FTDI USB Drivers” sub-directory ထဲမှာ မဟုတ်ပါ။ .inf file ကို မမြင်ရဘူးဆိုရင် , .ini File က တခါတရံ Hidden ဖြစ်နေတတ်ပါတယ်။ ဒါဆိုရင် the ‘drivers’ folder with the ‘search sub-folders’ option ကို ရွေး ပြီး Installation လုပ်လို့ရပါတယ်။
  • အဆင့်ဆင့် လုပ်ဆောင်လို့ပြီး ပြီဆိုရင် Driver Installation လုပ်လို့ ပြီးပါပြီး။

LED Blink လုပ်ကြည့်ကြရအောင်!

Arduino IDE Installation လုပ်ပြီးပြီ ဆိုတော့ ပထမဦးဆုံး Program လေးကို စတင်စမ်းသပ်လို့ရပြီးလေ။

  • Arduino application စဖွင့်ပါ။
  • အကယ်၍ Arduino Board နဲ့ Computer မချိတ်ဆက်မိဘူးဆိုလျှင် USB ကြိုးကို ဖြုတ်တပ်လုပ်ပေးပါ။
  • ပထမဆုံး Arduino Software ကို File > Examples > 1.Basics > Blink ကနေ ဖွင့်ပါ။

3-252x300

 

  • Tools > Board > your board type ဖြင့် မိမိ အသုံးပြုမည့် Board ကို ရွေးပါ။

4-251x300

 

  • Computer နဲ့ ချိတ်ဆက်ထားတဲ့ serial/COM port ကို: Tools > Port > COMxx အတိုင်းရွေးပါ။

5-251x300

 

  • ဘယ် Serial Port နဲ့ ချိတ်ဆက်ထားမှန်း မသိရင် USB ကြိုးလေး ဖြုတ်တပ်ပြီး စမ်းကြည့်ပေါ့။
  • Arduino Board နဲ့ computer ချိတ်ပြီးရင် Arduino IDE က ‘Upload’ button ကို နှိပ်လိုက်ရင် Blink Software လေး Arduino Board ထဲ ဝင်သွားပြီး LED Blink လေးမြင်ရမှာပါ။

6-252x300

 

အခက်အခဲရှိပါက

ဒီနေရာ မှာ လဲ Installation အသေးစိတ်ကို သွား ကြည့်နိုင်ပါတယ်။

Mac Book သုံးသူတွေ အတွက်

Arduino download page သွားပြီးတော့ the latest version of the Arduino software for Mac ကို ဒေါင်းလုပ် လုပ်ပါ။.
ပြီးရင် un-zip လုပ်၊ the Arduino folder ကို ဖွင့် ၊ အထဲက File တွေကို နေရာ မရွေ့ မိစေနဲ့။
Arduino application ကို Applications folder အောက်ကိုထည့်လိုက်။

FTDI Drivers

If you have an UNO, Mega2560, or Redboard, you shouldn’t need this step, so skip it!

  • For other boards, you will need to install drivers for the FTDI chip on your Arduino.
  • Go to the FTDI website and download the latest version of the drivers.
  • Once you’re done downloading, double click the package and follow the instructions from the installer.
  • Restart your computer after installing the drivers.

Launch and Blink!

Installation လုပ်ပြီးပြီဆိုတော့ ပထမဆုံး Program ရေးဖို့ အဆင်သင့်ဖြစ်ပြီပေါ့

  • Arduino application ကို ဖွင့်
  • Board နဲ့ Computer Connection မရှိရင် USB ကို ဖြုတ်လိုက်၊ ပြန်တပ်လိုက် လုပ်ပေး။
  • Blink example sketch by going to: File > Examples > 1.Basics > Blink ကို အောက်က အတိုင်းဖွင့်။

7-298x300

 

  • Tools > Board > your board type

8-300x286

 

  •  the serial port that your Arduino is attached to: Tools > Port > xxxxxx ကို ရွေး (“/dev/tty.usbmodemfd131” (သို့) “/dev/tty.usbserial-131” (သို့) အခြား နံပါတ်တွေလည်းဖြစ်နိုင်တယ်။)

9-280x300

 

  • ဘယ် Serial Port နဲ့ ချိတ်ဆက်ထားမှန်း မသိရင် USB ကြိုးလေး ဖြုတ်တပ်ပြီး စမ်းကြည့်ပေါ့။
  • Arduino Board နဲ့ computer ချိတ်ပြီးရင် Arduino IDE က ‘Upload’ button ကို နှိပ်လိုက်ရင် Blink Software လေး Arduino Board ထဲ ဝင်သွားပြီး LED Blink လေးမြင်ရမှာပါ။

10-252x300

 

Troubleshooting

Installation လုပ်ရတာ အခက်အခဲရှိသေးတယ်ဆိုရင် Arduino Webpage က this troubleshooting guide ကို ဖတ်နိုင်ပါတယ်။

error: Content is protected !!
 
%d bloggers like this: