Arduino Traffic Light Project

 

trafficlight_bb-1024x893

ဒီ Traffic Light Project မှာ Digital Output ကို ဘယ်လို အသုံးပြုနိုင်သလဲဆိုတာကို ရှင်းပြသွားမှာပါ။ Traffic Light Control System အကြောင်းကိုလည်း ဆွေးနွေးသွားပါ့မယ်။

ဒီ Project မှာ အပိုင်း ၂ ပိုင်းရှိပါတယ်။ (၁) ကားတွေအတွက် အချက်ပြမီးစနစ် နှင့် (၂) လူကူးဖို့ အတွက် အချက်ပြ မီး စနစ်ပါ။

ကားတွေ အတွက် အချက်ပြမီးမှာ LED(12) အနီရောင်၊ LED(11) အဝါရောင် နှင့် LED(10) အစီမ်းရောင် တွေကို အသုံးပြုထားပါတယ်။

လူတွေအတွက် အချက်ပြမီးတွေကတော့ LED(9) အနီရောင်၊ LED(8) အဝါရောင် နှင့် LED(7)အစီမ်းရောင် တို့ ပဲဖြစ်ပါတယ်။

LED မီးရဲ့ အချက်ပြ အစဉ်အလိုက်ကို အောက်ပါ ဇယားကွက်မှာ ပြထားပါတယ်။

ကားအချက်ပြမီး စိမ်း(10)  ဝါ(11) နီ(12) နီ(12) စိမ်း(10)
လူကူးမျဉ်း အချက်ပြမီး နီ(9) နီ(9) စိမ်း(7) ဝါ(8) (နီ)9

ကားအချက်ပြမီး စိမ်းနေတဲ့ အချိန်မှာ လူကူးမျဉ်း မီးက အနီရောင်ဖြစ်ရမှာပါ။ စသဖြင့် LED sequence ကို ကြိုတင်သတ်မှတ်ထားနိုင်ပါတယ်။

ဒီ Project မှာ လူကူးမျဉ်းကြား အချက်ပြမီးစနစ်မှာ ခလုပ်တစ်ခု ထည့်ထားပါတယ်။ ခလုပ်နှိပ်ရင် သတိပေး အနီရောင်မီးလေး လင်းလာမယ်အပြင် လူကူးမျဉ်းကြားဖြတ်သူတွေအတွက်လည်း ၁ မိနစ်စာ အချိန်ပိုပေးမယ်လေ။ ဒီစနစ်က Singapore မှာ သုံးကြပါတယ်။

လူကူးမီး စိမ်းနေတဲ့ အချိန်မှာလဲ အသံလေးပေးနေဦးမယ်။

pedestrianbutton-300x225

 

အခြေခံအားဖြင့် Traffic Light  ဘယ်လို အလုပ်လုပ်လည်း သိပြီးပြီဖြစ်တဲ့အတွက် Coding အကြောင်းကို အသေးစိတ်လေ့လာကြရအောင်။

အထက်ပါ Coding မှာ အားနဲချက်တွေရှိပါတယ်။ ထင်ရှားတဲ့ အားနဲချက်ကတော့ ခလုပ်နှိပ်မှ Speaker က အသံမြည်ပါမယ်။ ခလုပ်မနှိပ်ရင် အသံမမြည်ပါ

error: Content is protected !!
 
%d bloggers like this: