PIR Motion Sensor

PIR Motion Sensor ကို Motion အတွက် အဓိကထား သုံးကြပါတယ်။ PIR ကို “Passive Infrared”, “Pyroelectric”, or “IR motion” sensors လို့လည်း ခေါ်ကြသေးတယ်။

PIR Motion Sensor အလုပ်လုပ်ပုံက အင်မတန်မှ ရိုးစင်းလှပါတယ်။ PIR Motion Detector IC BISS0001 ကို သုံးထားတဲ့ Evaluation Board တွေ စျေးကွက်ထဲမှာ အမြောက်အများတွေ့နိုင်ပါသေးတယ်။

pir

 

PIR Motion Sensor ရဲ့ Schematics ကတော့ အောက်ပါအတိုင်းပါ။

sch

 

Arduino Code

 

/*
* PIR sensor tester
*/

int ledPin = 13; // choose the pin for the LED
int inputPin = 2; // choose the input pin (for PIR sensor)
int pirState = LOW; // we start, assuming no motion detected
int val = 0; // variable for reading the pin status

void setup() {
pinMode(ledPin, OUTPUT); // declare LED as output
pinMode(inputPin, INPUT); // declare sensor as input

Serial.begin(9600);
}

void loop(){
val = digitalRead(inputPin); // read input value
if (val == HIGH) { // check if the input is HIGH
digitalWrite(ledPin, HIGH); // turn LED ON
if (pirState == LOW) {
// we have just turned on
Serial.println(“Motion detected!”);
// We only want to print on the output change, not state
pirState = HIGH;
}
} else {
digitalWrite(ledPin, LOW); // turn LED OFF
if (pirState == HIGH){
// we have just turned of
Serial.println(“Motion ended!”);
// We only want to print on the output change, not state
pirState = LOW;
}
}
}

 

ဒီနေရာက နည်းနည်းလေး အသေးစိတ်ဆွေးနွေးချင်ပါတယ်။

အောက်ကပုံမှာ PIR Sensor Detect လုပ်ပုံကိုပြထားပါတယ်။ ပုံမှာပြထားတဲ့ PIR က 2 Cell PIR ပါ။ 4, 8 cell စသဖြင့်လည်းဝယ်လို့ရပါတယ်။

Detecting Area ကို ချုံချင်ရင်တော့ Fresnel Len လေးတွေ တပ်သုံးရပါတယ်။ Lens ကို သုံးခြင်းဖြင့် PIR Sensor က လက်ခံရတဲ့ Intensity ပိုများလာသလို သေသေချာချာ Detect လုပ်နိုင်ပါသေးတယ်။

PIR Sensor က တိုက်ရိုက်ထွက်တဲ့ Signal ကို အောက်ကပုံမှာပဲ လေးလာနိုင်ပါတယ်။ PIR Motion Detector Module တွေကတော့ Positive Wave ကို ယူပြီးပဲ Motion ဖြစ်မဖြစ်တွက်ယူကြတာပါ။ တနည်းပြောရင် 1 Cell PIR Sensor + BISS0001 IC သုံးရင် Motion ဖြစ်မဖြစ် သိနေပါပြီး။

ဘယ်ဘက်ကလာသလဲ ကြည့်ချင်ရင်တော့ အနည်းဆုံး 2 Cell PIR Sensor ကို သုံးရမှာပါ။ BISS0001 IC ကို မသုံးပဲ PIR ကထွက်တဲ့ Signal ကို LM324 Amplifier (OP-AMP) လေးနဲ့ MCU ထဲ တိုက်ရိုက်ထည့်သုံးရင်လည်း အဆင်ပြေတယ်လို့ ဆိုလိုချင်တာပါ။

 

proximity_pirdiagram

 

BISS0001 IC အကြောင်း

BISS0001 IC က အတော်လေးကောင်းပါတယ်။ Second/Minute ဘယ်လောက်ကြာမှ ပြန် Detect or re-trigger လုပ်လို့ပြောနိုင်ပါတယ်။ BISS0001 က တရုတ်ကထုတ်တာကြောင့် တရုတ်လို Datasheet တွေများပါတယ်။

English လို Datasheet ကိုတော့ ဒီနေရာမှာ တွေ့နိုင်ပါတယ်။

Datasheet ထဲမှာ Tx နဲ့ Ti ဘယ်လိုတွက်လည်း လေ့လာစေချင်ပါတယ်။ ဒါဆိုရင် ဘယ်လောက်ကြာမှ Detect လုပ်ချင်တယ်။ Motion Detect မဖြစ်ရင် ဘာလုပ်မယ် စသဖြင့် ဆက်စပ်တွေးနိုင်မှာပါ။

2 cell PIR Lens ကိုသုံးပြီး ဘယ်ဘက်ကလာသလဲဆိုတာလေးလည်း စမ်းသပ်ဖို့ သင့်ပါသည်။

error: Content is protected !!
 
%d bloggers like this: