hc-sr04-sensor_bb

 

Ultrasonic Sensor ကို အရာဝတ္ထု တစ်ခု ရဲ့ အကွာအဝေးကို တိုင်းတာချင်တဲ့ အခါမှာ အသုံးပြုတယ်။ Ultrasonic Sensor ဟာ Transducer (သို့) Transceiver တစ်မျိုးပါပဲ။ Ultrasonic Sensor က ပို့လိုက်တဲ့ လှိုင်းဟာ အရာဝတ္ထု တစ်ခု ကို ထိရိုက်ပြီး ပြန်လာတဲ့ လှိုင်းကို Ultrasonic Sensor က ပြန်လည်ဖမ်းယူခြင်းဖြင့် Ultrasonic Sensor နဲ့ အရာဝတ္ထု ကြား အကွာအဝေးကို တွက်ချက်နိုင်ပါတယ်။

ultrasonic

ultrasonic2

အခု Arduino + Ultrasonic Sensor Project လေးမှာ HC-SR04 ultrasonic ranging module ကို အသုံးပြုပါမယ်။ HC-SR04 ultrasonic ranging module ရဲ့ Datasheet ကိုတော့ အောက်ပါ လင့်မှာ ဖတ်ရှုနိုင်ပါတယ်။

http://www.micropik.com/PDF/HCSR04.pdf

hcsr04

 

HC-SR04 ultrasonic ranging module အလုပ်လုပ်ဖို့ အတွက်တော့ 5V Supply လိုအပ်ပြီး HC-SR04 နဲ့ Arduino Uno တို့ရဲ့ ဆက်သွယ်မှုကတော့ အောက်ပါအတိုင်းပါ။

 

HC-SR04 Vcc to Vcc of Arduino
HC-SR04 Trig Pin to Pin 8 of Arduino
HC-SR04 Echo Pin to Pin 9 of Arduino
HC-SR04 GND to GND of Arduino
Arduino Programming ရေးဖို့ အတွက်တော့ Ultrasonic sensor ရဲ့ Timing Diagram ကို နားလည်ဖို့ လိုအပ်ပါတယ်။ Timing Diagram ရဲ့ ရှင်းပြချက်ကတော့ 10uS ရှိတဲ့ Pulse အတိုလေးတစ်ခုကို HC-SR04 ရဲ့ Trig Pin ကို Send (ပို့လွတ်) လိုက်တဲ့ အခါ HC-SR04 နေ 40KHz ရှိတဲ့ Ultrasound ကို 8 Cycle လွတ်ပါလိမ့်မယ်။ ထို့နောက် HC-SR04 ကနေ Echo ပြန်ဖမ်းမိတဲ့ အခါ အကွာအဝေးကို တွက်ချက်ရရှိနိုင်ပါတယ်။
တွက်ချက်တဲ့ Formula ကတော့

Range = high level time * velocity (340M/S) / 2;

velocity (340M/S) ဆိုတာက Speed of sound ပါ။ Speed of sound သည် 340 meter/second = 2.9 micro seconds per mm. Programming ရေးတဲ့ အခါ ရလာတဲ့ Echo Duration ကို 2.9 နဲ့ စားပြီး ၂ နဲ့ ထပ်စားရင် အကွာအဝေး mm နဲ့ ရမှာပါ။

Arduino Programming Souce Code ကတော့ အောက်ပါအတိုင်းပါ။