ရေတိုင်ကီထဲမှာ ရေနည်းနေရင် ရေဖြည့်ပေးပြီး တိုင်ကီပြည့်ခါနီးရင် ရေပြန်ပိတ်သွားမယ့် ပုံစံမျိုးကို UnoArduSim နဲ့ စမ်းသပ်ကြည့်ရအောင်။ ရေဘယ်လောက် ရှိနေပြီဆိုတာကို သိဖို့ Float Level Switch လို့ ခေါ်တဲ့ ပစ္စည်းကလေးတွေကို သုံးလို့ ရပါတယ်။ သူကတော့ ခလုတ်လေးတွေပါပဲ။ ရေအောက်ရောက်သွားရင် On ဖြစ်သွားတာ Off ဖြစ်သွားတာ ၂မျိုး ရှိပါတယ်။ ဒီမှာတော့ အလွယ်ပဲ ရေက အဲဒီ ခလုပ်ရှိတဲ့ဆီ ရောက်လာရင် 1 ဖြစ်မယ်။ ခလုပ် ရှိတဲ့နေရာအောက် ရောက်သွားရင် 0 ဖြစ်မယ်လို့ ယူဆလိုက်ကြပါစို့။

1/0 ဖြစ်တာကို အလွယ်ကြည့်လို့ ရအောင် UnoArduSIm က Slider Switch တွေကို သုံးကြည့်ရအောင်။ Configure -> I/O Devices ကနေ 2 Slider Switches & 1 Red LEDs ကို Lab Bench Pane ပေါ်ကို တင်လိုက်ပါ။ Slider Switch တွေက ဘယ်ဖက်ကို ကပ်နေရင် 0 ဖြစ်ပြီး ညာဖက်ကို ကပ်ရင် 1 ဖြစ်ပါတယ်။

အပေါ်က Slider Switch က တိုင်ကီ ထိပ်နားမှာ ထားထားတဲ့ Float Level Switch လို့ ယူဆလိုက်ကြရအောင်။ အောက်က Slider Switch ကတော့ တိုင်ကီ အောက်ခြေနားက Switch ပေါ့။ ရေကုန်သွားပြီဆိုရင် ၂ခုလုံး 0 ဖြစ်နေပါမယ်။ ဒါဆိုရင် ရေမော်တာကို ဖွင့်ပေးပါမယ်။ ရေမော်တာအစားထိုး LED ကို On လိုက်ပါ။

ရေနည်းနည်း ပြည့်လာပြီဆိုရင် အောက်က switch 1 ဖြစ်သွားပြီး အပေါ်က switch ကတော့ 0 ပဲ ဖြစ်နေပါဦးမယ်။ ရေမော်တာက နဂိုအတိုင်းပါပဲ။ ပွင့်မြဲ ဆက်ပွင့်နေပါမယ်။

ရေအကုန်ပြည့်သွားပြီဆိုရင် switch ၂ခုစလုံး 1 ဖြစ်သွားပါပြီ။ ဒါဆိုရင် မော်တာကို ပိတ်ပါမယ်။ ဒီမှာတော့ မော်တာအစားထိုး LED ကို Off လို်က်ပါ။

ရေသုံးရင်းနဲ့ ရေလျော့လာပြီး အပေါ်က switch 0 ဖြစ်သွားပြီး အောက်က switch 1 ဖြစ်နေတဲ့ အနေအထားမှာ မော်တာက ပိတ်မြဲ ပိတ်နေဆဲပါ။

ရေကုန်သွားပြီး ၂ခုလုံး 0 ဖြစ်လာရင် ရေမော်တာကို ပြန်ဖွင့်ပေးပါမယ်။ ဒါဆို အခြေအနေအားလုံး ပြည့်စုံသွားပါပြီ။

စမ်းကြည့်ဖို့ကတော့ Code ရေး Run ကြည့်ပြီး Slider Switch တွေကို click လုပ်ကြည့်ရင် ရပါလိမ့်မယ်။

(ပထမပုံက ရေတိုင်ကီက ခလုတ်တွေကိုပဲ ကြည့်ပါ။ အောက်က circuit ကို မကြည့်ပါနဲ့။)

‪#‎define‬ PIN_INPUT_TOP_LEVEL 5
#define PIN_INPUT_BOTTOM_LEVEL 4
#define PIN_OUTPUT_LED 2

l121

 

122

123