How to Start an Electronics project?

Electronics Project တစ်ခုစလုပ်ပြီးဆိုရင် Hardware နဲ့ ပက်သက်လို့ စဉ်းစားရမယ့် အစိတ်အပိုင်း မျိုးရှိပါတယ်။

(1) Processing Unit, MCU (Arduino, MSP430, ARM, PIC, စသဖြင့်)
(2) Sensors
(3) Connectivity
(4) Control System

(1) Processing Unit, MCU (Arduino, MSP430, ARM, PIC, စသဖြင့်)
ဒီအပိုင်းမှာ တော့ Arduino ပဲ အရင် ရွေးထားရအောင်။ ဒီ Group က Arduino Group ဖြစ်နေလို့လေ….

(2) Sensors
Sensor ပိုင်းမှာ Sensors တွေ အများကြီးရှိပါတယ်။ ကိုယ်ဘာလုပ်ချင်လဲပေါ်မူတည်ရွေးချယ်ရမှာပါ။

Ultrasonic Ranger
PIR Motion Sensor
Sound Sensor
Light Sensor
Temperature & Humidity Sensor
Moisture Sensor
Rotary Angle Sensor
Smoke Sensor
Water Level Sensor
Chemical Sensor
Color Sensor
Particle Sensor
Knock Sensor
Pressure Sensor
Magnetic Sensor

စသဖြင့် အများကြီးရှိပါတယ်။ Arduino compatible Sensors လို့ ရှာရင်တွေ့မှာပါ။

(3) Connectivity

Connectivity ပိုင်းမှာ Wired and Wireless ၂ ပိုင်းခွဲ ကြည့်နိုင်ပါတယ်။

Wireless
NFC, BLE (Bluetooth Low Energy), ZIGBEE, ANT+, GSM, LTE,
Wired
Ethernet, POE (Power Over Ethernet),UART RS232, USB,RS485

Arduino နဲ့ ချိတ်ဆက်လို့ရတဲ့ Wireless Module Discussion တွေကို နောက်ပိုင်း ဖြည်းဖြည်းခြင်းဆွေးနွေးပေးသွားပါ့မယ်

(4) Control System

Control System မှာ ကိုယ်က ဘယ်အရာကို Control လုပ်ချင်တာလဲ။ ဒါလဲ အရေးကြီးပါတယ်။ Motor Control လား၊ Remote Control ကို IR နဲ့ လုပ်ချင်တာလား၊ Speed Control လား၊ Door Control လားစသဖြင့် လုပ်ချင်တဲ့ Control ကို မူတည်ပြီးတော့ ကိုယ်ရွေးချယ်ရမယ့် Project Design က အနည်းအများကွာသွားတာပါ။

error: Content is protected !!
 
%d bloggers like this: