eagle-2017-badge-150x150

Basic Schematic Design

Eagle PCB Design Software (Version 8.0.2 or Later) ကို အသုံးပြုပြီး Schematic Diagram တခု ဘယ်လို ရေးဆွဲမလဲဆိုတာကို လေ့လာသင်ကြားပေးမှာဖြစ်ပါတယ်။

Eagle PCB Design Software ကို http://www.autodesk.com/products/eagle/free-download ကနေ ဒေါင်းလုပ် လုပ်ယူနိုင်ပါသည်။ Eagle PCB Design Software သည် အခြေခံ Schematic Diagram ရေးဆွဲဖို့ အတွက်တော့ လုံလောက်ပါသည်။ Professional Design ရေးဆွဲဖို့အထိတော့ လုပ်လောက်မှု မရှိပါ။ သို့သော် ကျောင်းသား Project များအတွက်လုံလောက်သော Tools များကို ပံ့ပိုးထားသဖြင့် သုံးရတာ အဆင်ပြေပါသည်။

Eagle Software ကိုဖွင့်လိုက်ပါက ပထမဆုံး အောက်ပါပုံကို မြင်တွေ့ရမှာပါ။

  1. File -> New ->Project
  2. File -> New -> Schematic

Schematic ပွင့်လာပါက ချက်ချင်း Save လုပ်ပါ။ Schematic ကို အောင်ပါအတိုင်းမြင်တွေ့ရမည် ဖြစ်သည်။

အထက်ပါပုံတွင် မကြာ ခဏသုံးပြီး အရေးကြီးသော အခြေခံ Tool များကို အရင်ဆုံးပြောပြသွားမှာဖြစ်သည်။ နောက်ပိုင်းဆွေးနွေးရင်း အခြား Tool များ ကို လေ့လာသွားမည်။

  1. ADD, New Component ကို Component Library မှ ထည့်ရန် အသုံးပြုသည်။
  2. Component ကို မိမိလိုချင်သော နေရာ ရွေ့ရန် သုံးသည်။
  3. Component Designation, နေရာ အညွှန်းပြ အမှတ်၊ R1, R2 စသဖြင့် သတ်မှတ်ရာတွင် သုံးသည်။
  4. Component Value ပြောင်းလဲရာတွင် အသုံးပြုသည်။

Adding Component to Schematic Diagram

New Component ကို ထည့်လိုသောကြောင့် Add Button ကို နှိပ်လိုက်ပါက အောက်ပါအတိုင်း တွေ့ရမည် ဖြစ်သည်။ ထို့နောက် Atmel -> ATMEGA325P ကို ရွေးချယ်ပြီး OK ကို နှိပ်လိုက်သောအခါ ATMEGA325P သည် Schematic Sheet ပေါ်သို့ ရောက်လာပြီး Left Click နှိပ်လိုက်ပါ။ Library GUI ပြန်ပေါ်လာပါက ESC နှိပ်ပြီး ပိတ်နိုင်သည်။ ဤသို့ဆိုလျှင် Component ကို Library မှ မည်သို့ ယူသုံးမည်ကို သိရှိပြီးဖြစ်သည်။

 

Start Drawing a basic schematics

အရင်ဆုံး Power Supply Circuit တခုဆွဲကြည့်ပါမယ်။ ရေးထားတဲ့ အတိုင်းလိုက်လုပ်ရုံပါပဲ။

၁) ပထမဆုံးအနေနှင့် LM1117 IC ကို ရှာပါမယ်။ Manufacturer အမျိုးမျိုးဖြစ်သော်လည်း 1117 ကတော့ သေချာတာမို့ Library ရဲ့  Search နေရာမှာ *1117* လို့ ရေးပြီးရှာပါ။ * ဆိုတာ “ဘာပဲဖြစ်ဖြစ်” လို့ အဓိပ္ပါယ်ရပါတယ်။

ထို့နောက် OK ကို နှိပ်ပါ။

၂) ထိုနည်းအတိုင်း C1 နှင့် C2 ကို ရှာပြီး သုံးပါ။

၃) Component ကို Move (နေရာရွေ့ရန်) လုပ်ရန်အတွက် Component ပေါ်တွင် Mouse ရဲ့ ညာဘက် ကို Click လုပ်ပါက Tools များပေါ်လာပြီး Move ကို ရွေးချယ်ပါ။

၄) VCC နှင့် GND ကိုလည်း Library မှ ရွေးချယ်ပြီးထည့်သွင်းနိုင်သည်။

၅) ထို့နောက် “Net” tool ကို အသုံးပြုပြီး ဝါယာကြိုများချိတ်ဆက်နိုင်မည်ဖြစ်သည်။ Schematic Diagram ရေးဆွဲရာတွင် Net Name တူသည့် အရာအားလုံးသည် အတူတူချိတ်ဆက်ထားသည်ဟု မှတ်ယူရမည်။

Rotate, Change Name, Change Value, etc

Component ကို Rotate လုပ်ချင်တာပဲဖြစ်ဖြစ်၊ Name = C1 စသဖြင့် ပြောင်းချင်သည်ပဲဖြစ်ဖြစ်, တန်းဖိုးပြောင်းလဲချင်သည်ပဲဖြစ်စေ Component အပေါ်တွင် Mouse Pointer ကိုထားပြီး Right Click နှိပ်ကာ မိမိပြုလုပ်လိုသည်ကို ရွေးချယ်ပြီး လုပ်ဆောင်နိုင်ပါသည်။