Basic Wireless Technology 1

Wireless ကို အကြမ်းအားဖြင့် ၂ မျိုးခွဲနိုင်သည်။
၁) proprietary
၂) International Standard
proprietary က ထုတ်လုပ်သူ၏ သဘောပင်။ ဘယ် နည်းပညာကိုမှ Follow လိုက်နာရန်မလိုအပ်
International Standard Wireless Technology ကတော့ အားလုံးသဘောတူထားသည့် နည်းကို သုံးပြီးထုတ်လုပ်ရသည်။ example, Bluetooth, Zigbee, ANT, 802.11abgn ac, စသဖြင့် အများကြီးရှိသည်။
Wireless ကို သုံးပြီဆို မည်သည့် Frequency ကို သုံးမည်ကို ကြိုတင်စဉ်းစားရသည်။ Frequency ပေါ်မူတည်ပြီး အကောင်း အဆိုး အချက်အလက်များစွာရှိသည်။

Consumer Wireless Product (လူသုံးကုန် ပစ္စည်း) တခု ထုတ်လုပ်တော့မည်ဆိုလျှင် Industrial, Scientific and Medical (ISM) radio bands အတွင်းမှာ ရှိသော Frequency ကိုသာ အသုံးပြုရမည်။ ISM Frequency Allocation များကို အောက်ပါ ဇယားတွင် တွေ့ရှိနိုင်သည်။

စျေးကွက်ထဲတွင် အလွယ်တကူ စမ်းသပ်ဝယ်ယူနိုင်သော Wireless Chip အများစုမှာ 433.05MHz~434.79 MHz, 902MHz~928MHz, 2.4GHz Band Module (Chip) များဖြစ်သည်။

433MHz Module များ၏ အားသာချက်မှာ Transmit Power 10dBm ခန့်ရှိပြီး 1km(Line of Sight) ခန့် အကွာအဝေးအထိ ဆက်သွယ် အသုံးပြုနိုင်သည်။

900 MHz Band သည်လည်း 433 MHz လောက် အကွာအဝေးမရသော်လည်း အသုံးပြုကြသည်။

လူကြိုက်အများဆုံးမှာ 2.4GHz ကို အသုံးပြုထားသော Bluetooth, Zigbee နည်းပညာသုံး Module များဖြစ်သည်။ International Standard ကို အသုံးပြုထားသဖြင့် မည်သည့် Bluetooth to Bluetooth, Zigbee to Zigbee ချိတ်ဆက်နိုင်သည်။ ဤသို့ အသုံးပြုနိုင်ခြင်းသည်ကပင် International Standard ကို သုံးထားသည့် wireless module များ၏ အားသာချက်ပင်ဖြစ်သည်။ အားနည်းချက်မှာ လူသုံးများသဖြင့် Hacker များ Hack ချင်စရာ wireless နည်းပညာများပင်ဖြစ်နေသည်။