Basic Wireless Technology Part 2

မိမိ အသုံးပြုမည့် Wireless နည်းပညာကို ရွေးချယ်တော့မယ်ဆိုရင် မည်သည့် နည်းပညာက မိမိ Application အတွက် အသုံးဝင်သည်ကို အခြေခံအားဖြင့် သိဖို့လိုအပ်ပါသည်။

အခြေခံအားဖြင့် အောက်ပါ အချက်အလက်များကို စဥ်းစားရသည်။

၁) အကွာအဝေး

၂) Data Rate

၃) Power Consumption

၄) Protocol

အကွာအဝေး

မည်မျှ ဝေးဝေးကနေ ဆက်သွယ်နိုင်မည်ကို သိရှိဖို့လိုသည်။ ဥပမာ၊ GSM ဖုန်းများဆိုလျှင် မည်သည့်နေရာ မဆို ဆက်သွယ်နိုင်နေပြီး။ မည်သည့်နေရာမှ မဆို ဆက်သွယ်ဖို့လိုအပ်လား စဥ်းစားဖို့လိုသည်။ Remote Control လိုမျိုးသုံးမည်ဆိုလျှင် ၁ ပေပတ်လည် ဆက်သွယ်လို့ရလျှင် အဆင်ပြေပြီး။ ထိုသို့ Application များတွင် GSM နည်းပညာ လောက် အထိ သုံးဖို့ မလိုပေ။ IR Sensor, Low Power RF, Bluetooth သုံးလျှင်ရနေလေပြီး။

Data Rate

Data Rate မည်မျှကို သုံးမည်ကို လည်း သိရှိဖို့လိုသည်။ ဖုန်းတလုံးမှ တလုံးဆက်သွယ်ပြီး သီချင်း ပေးပို့ချင်ပါက WIFI or Bluetooth ကို အသုံးပြုနိုင်သည်ကို သိရှိပြီးဖြစ်သည်။ အရမ်းမြန်သော Data Rate လိုအပ်သောကြောင့်ဖြစ်သည်။ ထိုနေရာတွင် 20 bps (bit per sec) လောက်သာ ရှိသော ရိုးရိုး RF နည်းပညာကို သုံးပါက တနေကုန် ထိုင်ပို့နေလို့ မပြီးပေ။

သို့သော် Remote Control ကဲ့သို့ တခါနှိပ်မှ 10 bits လောက်သာ ပို့စရာလိုသော Application များအတွက်မူ WIFI ကို သုံးစရာမလိုပေ။

Power Consumption

Power Consumption သည်လည်း အရေးကြီးလှသည်။ Remote Control ကို နေ့စဥ်အားသွင်းနေရလျှင် မည်သူက ဝယ်သုံးမည်နည်း။ အန္တရာယ်များလှသောနေရာများတွင် အသုံးပြုသည့် Wireless Area Network (WAN) နည်းပညာတွင် Data Rate အရမ်းမမြင့်သော Power Consumption နည်းသည့် Zigbee နည်းပညာကို သုံးကြသည်။

Protocol

Protocol ဆိုသည်မှာ တူညီသော နည်းပညာ ဆက်သွယ်မှု စနစ် တခုဖြစ်သည်။ ထုတ်လုပ်သည့် Company ပေါ်မူတည်ခြင်းမရှိ။ Samsung, MI မည်သည့် ဖုန်းဖြစ်စေ WIFI ချိတ်ဆက်ပြီး Data များပေးပို့နိုင်သည်ကို သိရှိပြီးဖြစ်သည်။

ထိုနည်းတူပင် Zigbee Technlogy ဟု ဆိုလိုက်သည်နှင့် မည်သည့် ထုတ်လုပ်သူမှ ထုတ်လုပ်လာသည်ဖြစ်စေ Zigbee သုံးသည်ဟု ဆိုရုံဖြင့် အချင်းချင်းဆက်သွယ်နိုင်သည်။ ထိုသို့ အသုံးပြုနိုင်သည်ကို Protocol တူညီသော နည်းပညာ အချင်းချင်း အသုံးပြုသည်ဟု ဆိုသည်။

Wireless တွင် 802. ဖြင့်စသော Protocol များစွာရှိသည်။ အောက်ပါပုံတွင် လေ့လာနိုင်သည်။