Voice Controlled Arduino (Bluetooth + Android)

Android Smart Phone ကို သုံးပြီး သင်ရဲ့ Arduino Board ကနေ တဆင့် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ထိန်းချုပ်ချင်ပါသလား? ဒီ Project က Arduino Uno Board, Android Smart Phone နဲ့ HC-05 Bluetooth Module တွေကို သုံးပြီး ဘယ်လိုလုပ်ရမယ်ဆိုတာ သင့်ကို ပြောပြပေးမှာပါ။ ဒီ Project မှာ Voice Recognition ကို သုံးပြီး Android App ဘယ်လိုရေးမယ်ဆိုတာတော့ ပြောပြမှာ မဟုတ်ပါဘူး။ Google’s PlayStore မှာ ရှိပြီးသား App ဖြစ်တဲ့ Android Meets Robots : Voice ကိုပဲ အသုံးပြုသွားပါ့မယ်။

ဘယ်လို အလုပ်လုပ်ပါသလဲ

အလုပ်လုပ်ပုံက ရိုးရှင်းပါတယ်။ Android App ကနေ HC-05 Bluetooth Module ကို ချိတ်ဆက်မယ်။ ထို့နောက် Android App ကို အသံနဲ့ အမိန့်ပေးလိုက်တဲ့ အခါ ပေးလိုက်တဲ့ အမိန့်ဟာ Android App ကနေ တဆင့် Bluetooth၊ ထိုမှ တဆင့် Arduino Board၊ ထို့နောက် မိမိထိန်းချုပ်လိုသော စက်ပစ္စည်းကို ရောက်ပြီး မိမိခိုင်းစေတဲ့ အတိုင်း ဖွင့်ဆိုဖွင့်၊ ပိတ်ဆို ပိတ် စေမှာပါ။ လောလောဆယ်တော့ Android App က English လိုပဲ ပြောပြီး ခိုင်းလို့ရမှာပါ။ Voice Recognition ဘယ်လို အလုပ်လုပ်တယ်ဆိုတာ သိရင်တော့ မြန်မာလိုလဲ စေခိုင်းနိုင်ပါလိမ့်မယ်။

လိုအပ်သော ပစ္စည်းများ

No. လိုအပ်သော ပစ္စည်းများ
1 LED 5 လုံး၊ မိမိ စိတ်တိုင်းကျအရောင်သုံးနိုင်ပါတယ်။
2 Arduino Uno
3 HC-05 Bluetooth Module
4 ဝါယာကြိုး အနည်းငယ်

HC-05 Bluetooth Module နှင့် Arduino Uno ချိတ်ဆက်ပုံ

HC-05 Bluetooth Module နှင့် Arduino Uno ချိတ်ဆက်ပုံမှာ အောက်ပါအတိုင်းဖြစ်သည်။

 

hc05_arduino

 

No. Arduino HC-05 Bluetooth Module
1 5V VCC
2 TXD (Pin 1) RXD
3 RXD (Pin 0) TXD
4 GND GND

LED များနှင့် ချိတ်ဆက်ခြင်း

Arduino Uno ရဲ့ Pin 2, Pin 3, Pin 4, Pin 5, Pin 6 နဲ့ LED တွေရဲ့ အပေါင်း  ဘက်အခြမ်းဆက်သွယ်ပေးပါ။

Arduino Software

 

 

Android App

Android Meets Robots : Voice ကို ဤနေရာမှာ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ Application အသုံးပြုပုံကတော့

(၁) Android Phone မှ Bluetooth ကို ဖွင့်ပါ။
(၂) Android Meets Robots : Voice Application ကို Run ပါ။
(၃) App ရဲ့ Option Menu က “Connect Robot” ကို နှိပ်ပါ။
(၄) Bluetooth Module “HC-05” ကို ရွေးပါ။
(၅) “Connected to HC-05” ပေါ်တဲ့ အထိစောင့်ပါ။
(၆) Mic Icon ပုံကို နှိပ်ပြီး မိမိပေးလိုသော အမိန့်ကိုပေးပါ။

အမိန့်ပေးပြီးနောက် ပေးသည့် အမိန့် အတိုင်း အလုပ်လုပ် မလုပ် စမ်းသပ်နိုင်ပါပြီး။

တကယ့် Application မှာ LED အတွက်သုံးထားတဲ့ Digital IO တွေကို မိမိ ထိန်းချုပ်လိုသော စက်ပစ္စည်းများနှင့် ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါသည်။

 

 

error: Content is protected !!
 
%d bloggers like this: