English လိုကတော့ “All radiation is caused by accelerating charges which produce changing electric fields. And due to Maxwell’s Equations, changing electric fields give rise to changing magnetic fields and hence we have electromagnetic radiation”.

ဖတ်ကြည့်ရင်တော့ နားလည်သလိုပဲ။ ထဲထဲဝင်ဝင်လိုက်မေးကြည့်ရင် သေချာဖြေနိုင်တဲ့သူက အတော်ကို ရှားတာသွားတွေ့ရတယ်။

ဥပမာလေးနဲ့ ရှင်းရအောင်…

ရေပိုက်ခေါင်းထဲကနေ ရေဘယ်လို ထွက်လာလဲ ကြည့်ရအောင်။ ရေက သူဟာသူ ရေပိုက်ထဲမှ စီးဆင်းနေရင် Constant velocity နဲ့သွားနေတယ်။ ရေပိုက်အဝလည်းရောက်ရော ဖြာထွက်သွားတယ်။ wave ပုံစံဖြာတွက်သွားတယ်။ ရေပိုက် အဝရဲ့ ပုံစံကို မူတည်ပြီး ဖြာထွက်တဲ့ ပုံစံ ကွာသွားနိုင်တယ်။ အိမ်မှာ ကိုယ်တိုင် ကိုယ်ကျစမ်းသပ်နိုင်ပါတယ်။

Electron တွေရဲ့ စီးဆင်းပုံကလည်း အတူတူပါပဲ။ Rate of change of velocity (Acceleration) ဖြစ်စေတဲ့ အရာတွေမှာ စီးဆင်းမယ်ဆိုရင် RF Radiation ဖြစ်မှာပါပဲ။ အကယ်၍များ PCB ကို 90 deg Trace ဆွဲခဲ့မယ်ဆိုရင် Radiation ဖြစ်မှာပါ။ Antenna ရဲ့ အလုပ်လုပ်ပုံကလဲ အတူတူပါပဲ။ Electron က Transmission Line ဖြတ် Antenna ကို တွေ့တော့ ဆက်သွားစရာဆိုတော့ Air Medium ပဲရှိတယ်။ ဒီတော့ Electron တွေဖြာထွက်တဲ့ အခါ Electric Field ကို ဖြစ်ပေါ်စေတယ်။ Electric Field (E) ရှိရင် Magnetic Field က automatic ဖြစ်ပေါ်စေတယ်။ နောက်ဆုံး Electromagnetic Wave ကို ဖြစ်စေပြီးတော့ Radiation Frequency လို့ ခေါ်တွင်စေတယ်။

ဒီလောက်ဆို RF ဆိုတာ ဘာလဲ သိလောက်ပြီ ထင်ပါတယ်။

နောက်ဆုံး မေးခွန်းလေး တစ်ခုမေးထားခဲ့မယ်။

50 Hz ရှိတဲ့ AC 230V ဟာ ဝါယာကြိုးထဲမှာ ဖြတ်သန်းစီးဆင်းတဲ့ အခါ Radiation ဖြစ်နိုင်ပါသလား?

မဖြစ်ဘူးဆိုရင် ဘာကြောင့် မဖြစ်တာလဲ?

ဘယ်လို အခြေအနေမျိုးရောက်ရင် Radiation ဖြစ်မှာလဲ။

PS: Electronics က တစ်ခုနဲ့ တစ်ခု ဆက်စပ်နေလေတော့ RF Circuit Design မှာ Analog & Digital Circuit အကြောင်းမစဉ်းစားချင်လို့မရပါဘူး။ Vice Versa…