Lesson 0.3 – Digital Electronics

Digital Electronics ဆိုတာ Voltage တွေကို 1 နဲ့ 0 တန်ဖိုးနှစ်မျိုး အဖြစ် သတ်မှတ်လိုက်ပြီး အဲဒီ 1/0 ပေါ်မှာ တွက်ချက်တုံ့ပြန်မှုတွေ ပြုတဲ့ အီလက်ထရောနစ် နည်းပညာတွေကို ခေါ်တာ ဖြစ်ပါတယ်။ ကွန်ပျူတာတွေ အားလုံး Digital Electronics ကို သုံးပါတယ်။ Arduino Hardware တွေ အကုန်လုံးဟာ ကွန်ပျူတာ အသေးစားကလေးတွေ ဖြစ်တဲ့အတွက် Digital သုံးမယ်ဆိုတာ အထူးပြောစရာ မလိုတော့ဘူး ထင်ပါတယ်။

Digital ချင်းတူပေမယ့် သုံးတဲ့ အီလက်ထရောနစ် ပစ္စည်းတွေပေါ် မူတည်ပြီး 1/0 အဖြစ် သတ်မှတ်တဲ့ Voltage တွေ ကွာနိုင်ပါတယ်။ အခုသုံးမယ့် Arduino Uno အတွက် ဆိုရင်တော့ 5V ဆိုရင် 1 ဖြစ်ပြီး 0V ဆိုရင် 0 ဖြစ်မယ်လို့ အလွယ် မှတ်ထားလို့ ရပါတယ်။

Digital 1 ကို High (သို့) True လို့ ခေါ်တတ်ပြီး 0 ကို Low (သို့) False လို့လည်း ခေါ်တတ်ပါတယ်။ ဒီလောက် သိထားရင် Arduino program တွေ စရေးလို့ ရပါပြီ။

[ Arduino Uno မှာ သုံးတဲ့ Digitail Logic ကို TTL Logic လို့ ခေါ်ပါတယ်။ အသေးစိတ်ကို ပုံမှာ ပြထားပါတယ်။ Image: sparkfun.com ]

l03