Lesson 0.4 – Debugging in UnoArduSim

UnoArduSim ကို ဒေါင်းလုပ်လုပ်ပြီး တစ်နေရာရာမှာ Unzip လုပ်လိုက်ပါ။ ပြီးရင် UnoArduSim.exe ဆိုတဲ့ file ကို Run လိုက်ရင် simple.ino ဆိုတဲ့ Arduino Program ကို ဖွင့်ပြီးသား ပေါ်လာပါလိမ့်မယ်။

UnoArduSim မှာ အဓိက အကွက် (Pane) ၃ခု ရှိပါတယ်။ အဲဒါတွေကတော့ Program Code တွေ ရေးထားတဲ့ Code Pane၊ Variable တွေရဲ့ လက်ရှိတန်ဖိုးတွေကို ပြသပေးမယ့် Variables Pane၊ Arduino Uno နဲ့့ ဆက်သွယ်မယ့် အီလက်ထရောနစ် ပစ္စည်းတွေကို ပြသထားတဲ့ Lab Bench Pane တွေ ဖြစ်ပါတယ်။

အခု ဒီ simple.ino ဆိုတဲ့ program ကို run ကြည့်ရအောင်။ Toolbar ပေါ်က အဝါရောင် မြှားလေးပုံပါတဲ့ Button ကို နှိပ်လိုက်ရင် အပြာရောင် နဲ့ Highlight ပြထားတာလေးဟာ Code Line တစ်ခုစာ ရွေ့သွားတာကို မြင်ရပါမယ်။ သူ့ကို Step Into လို့ ခေါ်ပါတယ်။ Program ဘယ်လိုအလုပ်လုပ်နေသလဲ ဆိုတာ တစ်ဆင့်ချင်းစီ ကြည့်ချင်ရင် သုံးပါတယ်။ Variables Pane မှာ count= 5 ဖြစ်တဲ့ အထိ Step Into button ကို နှိပ်ကြည့်ပါ။

သူ့ဘေးက အပြာနုရောင် မြှားပုံပါတဲ့ Button ကတော့ Step Over ဖြစ်ပါတယ်။ Function ထဲကို တစ်ဆင့်ချင်းစီ မကြည့်ဘဲ ကိုယ်သိပြီးသား၊ အလုပ်လုပ်တာ သေချာပြီးသား Function တွေကို ကျော်ကြည့်ချင်ရင် သုံးပါတယ်။ Variables Pane မှာ count= 10 ဖြစ်တဲ့အထိ Step Over button ကို နှိပ်ကြည့်ပါ။

အစိမ်းရောင် မြှားပုံကတော့ Run button ဖြစ်ပါတယ်။ အလုပ်လုပ်သလား မလုပ်သလား ရိုးရိုး Run ကြည့်ဖို့ အတွက် ဖြစ်ပါတယ်။ Run button ကို နှိပ်လိုက်ရင် count တန်ဖိုးဟာ မရပ်မနား ပြောင်းနေတာ တွေ့ရမှာပါ။

Run button ကို နှိပ်လိုက်ရင် သူ့ဘေးက မှိန်နေတဲ့ Halt button လေး ထင်လာတာကို မြင်ရမှာပါ။ Halt ကို နှိပ်လိုက်ရင်တော့ run နေတဲ့ program ဟာ ရောက်ရာနေရာမှာ ရပ်သွားမှာ ဖြစ်ပါတယ်။

သူ့ဘေးက မြှားအမဲရောင်ပုံကတော့ Reset button ဖြစ်ပါတယ်။ Reset ကို နှိပ်လိုက်ရင် program အစကို ပြန်ရောက်သွားပြီး count လည်း 0 ပြန်ဖြစ်သွားတာကို တွေ့ရပါမယ်။

အခုဆိုရင် UnoArduSim ကို သုံးပြီး Arduino Program တွေကို run တတ်သွားပါပြီ။

l041

l042

l043