Lesson 0.5 – Arduino Sketches

Arduino Program တွေကို Arduino Sketch လို့လည်း ခေါ်ပါတယ်။ Arduino Sketch တွေက သာမန် C/C++ Program တွေနဲ့ ဘာကွာသလဲဆိုရင် int main( ) ဆိုတဲ့ Function ကို Arduino မှာ ထည့်မထားဘဲ Setup( ) ဆိုတဲ့ Function နဲ့ Loop( ) ဆိုတဲ့ Function ကိုပဲ ထည့်ထားတာပါ။ သိမ်းတော့လည်း အဲဒီ Function ၂ခုကိုပဲ သိမ်းပါတယ်။ Arduino Sketch file တွေက .ino extension နဲ့ ဆုံးလေ့ရှိပါတယ်။ (ဥပမာ – simple.ino)

Arduino Uno လို တကယ့် Hardware တွေပေါ် တင်ဖို့ လိုအပ်တဲ့ int main( ) ကို Arduino software က ဖြည့်ထည့်၊ Compile လုပ်ပြီးမှ တင်ပေးတာ ဖြစ်ပါတယ်။ UnoArduSim မှာတော့ int main( ) နဲ့ ဘယ်လို ဆက်စပ်ထားသလဲဆိုတာကို ပြပေးပါတယ်။ ပုံမှာဆိုရင် အနီနဲ့ ဝိုင်းပြထားတဲ့ Code ပါ။

အလွယ်ဆုံး ရှင်းပြရရင်တော့ Arduino Sketch တွေကို Run တဲ့အခါ Setup( ) ဆိုတဲ့ function ကို ပထမဆုံး တစ်ခါပဲ run ပြီး Loop( ) function ကိုတော့ အထပ်ထပ်အခါခါ အမြဲတမ်း run နေမှာပါ။ နောက်ဆုံး Power ကို ပိတ်လိုက်တဲ့အထိ Run မှာပါ။ ဘယ်တော့မှ ရပ်မှာ မဟုတ်ပါဘူး။

ဒီသင်ခန်းစာအထိ လေ့လာပြီးပြီဆိုရင် သိသင့်သိထိုက်တဲ့ အခြေခံတွေကို သိသွားပြီ ဖြစ်တာမို့ နောက်သင်ခန်းစာကနေစပြီး Arduino Sketch တွေကို ရေးပြီး လက်တွေ့ လုပ်ရပါတော့မယ်။

l05