Lesson 1.2 – Hold-to-Light

ဒီသင်ခန်းစာမှာတော့ Push Button တစ်ခုနဲ့ LED တစ်ခုကို သုံးပြီး Digital Input နဲ့ Output အကြောင်းကို ရှင်းပြပေးသွားပါမယ်။ ပထမဆုံး Configure -> I/O Devices menu ကနေ Push Button ကို 1 ပေးပြီး ထည့်လိုက်ပါ။ Save button သုံးပြီး ဒီ setting ကို Save ထားလို့လည်း ရပါတယ်။ ပြီးရင် OK နှိပ်လိုက်ပါ။

ဒီ Push Button ကိုတော့ Pin 5 နဲ့ ဆက်လိုက်ပါမယ်။ Push Button block လေးထဲမှာ 05 လို့ ရိုက်ထည့်လိုက်ပါ။ ခလုတ်နှိပ်ထားရင် 1 ထွက်အောင်လို့ radio button ၂ခုထဲက အပေါ်တစ်ခုကို ရွေးလိုက်ပါ။

ခလုတ်နှိပ်ထားလား မထားလား သိရအောင် Pin 5 ကို ဖတ်ကြည့်မှာ ဖြစ်တဲ့အတွက် Input အဖြစ် သုံးမယ်လို့ Setup( ) မှာ ရေးရပါမယ်။ ‪#‎define‬PIN_INPUT_PUSH_BTN 5 လို့ ကြေငြာပြီး pinMode(PIN_INPUT_PUSH_BTN, INPUT); လို့ Setup( ) မှာ ထည့်ပေးလိုက်ပါ။ #define ရဲ့ အားသာချက်ကတော့ နောက်ပိုင်းမှာ စိတ်ပြောင်းပြီး Pin 5 ကနေ 6 ပြောင်းချင်ရင် #define မှာပဲ တစ်နေရာတည်း အလွယ်ပြောင်းလို့ ရခြင်းပါ။ မဟုတ်ရင် တစ်နေရာရာမှာ 5 ကနေ 6 ကို ပြောင်းဖို့ မေ့ကျန်ခဲ့ပြီး ဘာမှားမှန်းမသိ ဖြစ်နေတတ်ပါတယ်။

Input ကို ဖတ်ဖို့ကတော့ digitalRead( ) ကို သုံးရပါမယ်။ “int” type variable တစ်ခု ကြေငြာပြီး digitalRead ရဲ့ return value ကို assign လုပ်ရမှာပါ။ ဖတ်လို့ ရလာတဲ့ တန်ဖိုးကို LED မှာ output ပေးလိုက်ခြင်းအားဖြင့် ခလုတ်နှိပ်ထားရင် မီးလင်းအောင် လုပ်လို့ ရပါပြီ။ ဒီ code ကို Loop( ) မှာ ထည့်လိုက်ပါ။

int pushBtnState = digitalRead( PIN_INPUT_PUSH_BTN );
digitalWrite( PIN_OUTPUT_LED, pushBtnState );

အားလုံးပြီးရင် Run ကြည့်လိုက်ပါ။ ခလုတ်နှိပ်ထားရင် LED မီးလင်းလာတာကို မြင်ရပါလိမ့်မယ်။

l121

l122

l123