Lesson 2.1 – Read the Range

Arduino Uno ကို Lab Bench Pane ထဲကလို ထားလိုက်မယ်ဆိုရင် ညာဖက်အောက်ထောင့်မှာ ရှိတဲ့ pin ၆ခုဟာ DC voltage 0 to 5V ကို 0 to 1023 တန်ဖိုးတွေ အဖြစ် ပြောင်းလဲ ဖတ်ပေးနိုင်တဲ့ Analog Input Pin တွေပါ။ A0, A1 စသဖြင့် နံမည်ပေးထားပြီး A5 အထိ ရှိပါတယ်။

Analog Pin နဲ့ ချိတ်ဆက်ပြီး သုံးဖို့ Configure -> I/O Devices menu ကနေပြီး 1 Analog Slider Pairs ကို Lab Bench Pane ပေါ်ကို တင်လိုက်ပါ။ ဘယ်ဖက်က slider မှာ A0 လို့ ထည့်ပြီး A0 Pin နဲ့ ချိတ်လိုက်ပါ။

Analog Pin တွေကို analog input အဖြစ်ပဲ သုံးမယ်ဆိုရင် setup( ) မှာ ဘာမှ ရေးစရာ မလိုပါဘူး။ Analog Pin တွေကို Digital I/O Pin အဖြစ်သုံးလို့လည်း ရပါတယ်။ အဲလို သုံးမယ် ဆိုရင်တော့ pinMode( ) နဲ့ INPUT / OUTPUT သတ်မှတ်ပေးရပါလိမ့်မယ်။

နောက်ဆုံးပုံမှာ ပြထားတဲ့အတိုင်း Code ကို ရေးပြီး Run လိုက်ပါ။ ပြီးရင် Slider ကို Mouse နဲ့ Click and Drag လုပ်ကြည့်မယ် ဆိုရင် Variables Pane က val တန်ဖိုး ပြောင်းနေတာကို တွေ့ရပါလိမ့်မယ်။

UnoArduSim ရဲ့ Analog Slider မှာ error တစ်ခု ရှိနေပါတယ်။ ဘာလဲ သတိထားမိကြလား။ Run ကြည့်မှ သိမှာပါ။

211

212

213

214