Dot Product ကို အောက်ပါ အခြေအနေတွေမှာ သုံးလို့ရတယ်။

၁) Vectors ၂ ခုက ထောင့်မှန်ကျနေသလား? Dot Product လုပ်ရင် အဖြေက ၀(zero) ထွက်လာပါမယ်။ မထွက်ရင် ထောင်မှန် မကျဘူးလို့ ပြောလို့ရတယ်။

 

၂) Vectors ၂ ကြားက ထောင့်ကို ရှာချင်ရင်လဲ သုံးလို့ရပါတယ်။ အကြောင်းရင်းကို အောက်မှာ ဆက်ရှင်းပြပါ့မယ်။

၃) Vector ၁ ခုကနေ နောက် တခုကို Projection ချ တဲ့ အခါလဲ သုံးလို့ရပါတယ်။ Projection ချခြင်းက Engineering တွေ အတွက် အတော် အသုံးတည့်ပါတယ်။

သုံးလို့ ရတဲ့နေရာတွေက အများကြီးပါ။

Figure 1

Figure 2

Figure 1 ကတော့ Complex Value Vector ၂ ခုကို မြှောက်ရင် အကြောင်း ပုံနှင့် တကွ ရှင်းပြထားတာပ။

Figure 2 က တော့ တခုကနေ နောက်တခုကို Projection ချလိုက်ရင် ဆိုတဲ့ အတွေးမျိုးပါ။

အခြား Post ဖြစ်တဲ့ orthogonal_matching_pursuit သီအိုရီမှာ တခုမှာ Signal Reconstruction လုပ်တဲ့ အခါ Dot Product နဲ့ တွက်ယူသွားပါတယ်။ ဆက်စပ်စဥ်းစားလို့ ရနိုင်ပါတယ်။