MIT APP Inventor 2 – Tutorial 2

Tutorial မှာ Blocks တွေ ချိတ်ဆက်ပြီး Android Programming ရေးနည်းကို ဆွေးနွေးသွားမှာဖြစ်ပါသည်။

၁) ပထမဆုံးအနေနဲ့ Bluetooth ကို ချိတ်ဆက်ရမှာဖြစ်တာကြောင့် List Picker ရဲ့ BeforePicking မှာ ပတ်ဝန်းကျင်မှာ ရှိတဲ့ Bluetooth list ကို ရှာထဲခိုင်းရမှာပါ။ ထို့ကြောင့် ListPicker1.BeforePicking မနှိပ်ခင်မှာ ListPicker1 ရဲ့ Elements ထဲ့ကို BluetoothClient1 ကတွေ့တဲ့ Address နှင့် Names များ ထည့်ထားရပါမည်။ သို့မှသာ နှိပ်လိုက်ရင် တွေ့မှာပါ။

screen-shot-2016-10-25-at-5-49-57-pmscreen-shot-2016-10-25-at-5-56-34-pmscreen-shot-2016-10-25-at-5-56-55-pm

၂) ListPicker ထဲမှာ  List တွေ ရှိနေမှတော့ နှိပ်ပြီး ရွေးရုံပေါ့။ ထို့ကြောင့် ListPicker1.AfterPicking မှာ အောက်ပါ အတိုင်း ရေးရုံပါပဲ။ တခု သတိထားရမှာက ရွေးပြီး Connection မလုပ်ခဲ့ဘူးဆိုရင် If-Condition ပြန်ထည့်ခဲ့ပြီး Bluetooth List တွေ ပြန်ထည့်ပေးခဲ့ပါ။

screen-shot-2016-10-25-at-6-03-51-pm

၃) Connect လုပ်ပြီးလို့ အခြေအနေကို အသုံးပြုသူသိအောင် Status လေးပြသင့်တာပေါ့။ ထို့ကောင့် Clock ၁ ချက်တိုင်း Connect လုပ်မလုပ် စစ်ပြီး Status ကို Update လုပ်ရုံပါ။ ဒီလောက်ဆို အခြေခံ Bluetooth Connection လုပ်နည်းသိသွားလောက်ပါပြီး

screen-shot-2016-10-25-at-6-08-21-pm

screen-shot-2016-10-25-at-6-09-39-pm

>>>>>>>> MIT APP Inventor 2 – Tutorial 3 >>>>>>>>