ဒီ Tutorial မှာတော့ ON/OFF Buttons လေးထည့်ပြီး Arduino ဆီကို ပို့ပါတော့မယ်။ နောက်ဆုံး Android apk လုပ်နည်းပြောပြသွားမှာပါ။

၁) ပထမဆုံးအနေနဲ့ ON Button နှင့် OFF Button လေးတွေကို အောက်ပါအတိုင်းထည့်ပါ။ ပုံတွေကိုတော့ မိမိနှစ်သက်သလို ထည့်နိုင်ပါသည်။ ပုံမထည့်ချင်ပဲ စာပဲ ထည့်မယ်ဆိုရင်လဲ Button Properties မျာ ပြောင်းလဲနိုင်ပါသည်။

screen-shot-2016-10-25-at-10-43-33-pm

၂) ထို့နောက် Blocks မှာ အောက်ပါအတိုင်းချိတ်ဆက်ပါ။ ON Button နှိပ်ပါက “ON” ဆိုတဲ့ စာသားကို Arduino သို့ပေးပို့မှာဖြစ်ပြီး OFF Button နှိပ်ပါက “OFF” ဆိုတဲ့ စာသားကို ပေးပို့ပေးမှာပါ။ Arduino မှာ “ON” စာသားကို ရရင် မီးဖွင့် ပေးရမှာဖြစ်ပြီး “OFF” စာသားကို Bluetooth မှ တဆင့်လက်ခံရရှိပါက မီးပိတ်ပေးရမှာဖြစ်ပါသည်။

screen-shot-2016-10-25-at-10-48-46-pm

၃) နောက်ဆုံးအနေနဲ့ Android APK ကို Toolbar မှာ ရှိတဲ့ Build -> App (save .apk to my computer) ကို နှိပ်ပြီး မိမိရေးသားထားသော Android Program ကို ရရှိမှာဖြစ်ပါသည်။

screen-shot-2016-10-25-at-10-49-39-pm

Complete .aia code ကို အောက်မှာ ဒေါင်းလုပ် လုပ်နိုင်ပါသည်။

[tx_button style=”default” text=”Download” url=”https://my.pcloud.com/publink/show?code=XZKbsMZylTbFhBIEH59HQbyz91Yf4PEzYOk” color=”#dd3333″ textcolor=”#ffffff” target=”blank”]