MSP430

MSP430 Launch Pad Series တွေဟာ တကယ်တော့ Arduino လို သုံးလို့ရအောင်ထုတ်ထားတာပါ။ MSP430 ရဲ့ IDE ကတော့ Energia IDE ကို သုံးပါတယ်။ အမည်က Energia ဆိုပေမယ့် Arduino IDE နဲ့ တပုံစံထဲပါပဲ။

ဒါအပြင် Arduino မှာ သုံးတဲ့ Code တွေနဲ့ MSP430 မှာ သုံးတဲ့ Code တွေက အတူတူပါပဲ။ တခါတလေ Code ၁ခုထဲက Arduino ကော MSP430 မှာ ပါသုံးလို့ရပါတယ်။

ဒါဆို MSP430 ရဲ့ အားသာချက်တွေကဘာလဲ။ MSP430 ကို Texas Instruments (TI) က ထုတ်ပြီး Energia ကိုလဲ TI ကပဲ Develop လုပ်ထားတာပါ။

လူသိများထင်ရှားတဲ့ အချက်ကတော့ Low Power Consumption ပါပဲ။ MSP430 ရဲ့ Sleep Mode Current Consumption က 1uA အောက်မှာပဲရှိနေတာက အတော့ကို အားသာတဲ့အချက်ပါပဲ။ ဒါမျိုး Arduino ကို သုံးပြီးလုပ်ဖို့မလွယ်ပါဘူး။

ဒါအပြင် TI ကထုတ်တဲ့ အခြား Connectivity Chip (WIFI, ZIGBEE, etc) တွေနဲ့လဲ သူက အဆင်ပြေပြေသုံးနိုင်တာကြောင့် ပိုအဆင်ပြေစေတာပါ။

နောက်ဆုံးအားသာချက်ကတော့ Project ကြီးလာတဲ့ အခါ Energia သုံးလို့အဆင်မပြေတော့ရင် Code Composer Studio (CCS) ကို သုံးပြီး Develop လုပ်ရတဲ့ အခါ အရင် Code တွေ ပြန်ကူးရုံပါပဲ။ အခြေခံလေ့လာပြီး Firmware ကို နောက်တဆင့်တိုးလေ့လာချင်သူတွေအတွက်တော့ အတော်လေးအဆင်ပြေပါတယ်။

ဒါကြောင့် MSP430 ကို လေ့လာခြင်းဟာ Arduino Code ကို တပြိုင်ထဲလေ့လာနိုင်သလို အဆင့်မြင့် နယ်ပယ်ကိုပါ ပေါင်းကူးပေးနိုင်တဲ့ အတွက် ပိုမိုလေ့လာသင့်တဲ့ အရာလို့ပဲပြောပါရစေ။

error: Content is protected !!
 
%d bloggers like this: