c1s.jpg_450x300

NodeMCU — An open-source firmware based on ESP8266 wifi-soc.

ESP8266 IC သုံး NodeMCU ကို Connected Device တွေအတွက် ထုတ်လုပ်လိုက်ပါပြီး။ သူ့ကို IoT (Internet of Things) အတွက် အဓိကထားထုတ်လုပ်တယ်ဆိုပေမယ့် နေရာ တော်တော်များများမှာ သုံးနိုင်ပါတယ်။ NodeMCU က Development လုပ်ဖို့ အဆင်သင့် အနေအထားနဲ့ ထုတ်လုပ်ထားတာဖြစ်တဲ့ အတွက် ESP-01, ESP-12 Series Module တွေလို ဝါယာဆက်ရခဲဆော်ရတာမျိုးလုပ်စရာမလိုပဲ ချက်ချင်း စမ်းသပ်အသုံးပြုနိုင်ခြင်းပါ။

NodeMCU ရဲ့ အားသာချက်ကတော့ Arduino IDE ကို အသုံးပြုပြီး Firmware ရေးသားနိုင်ခြင်းပါ။ Arduino Coding အတိုင်းရေးသားရသဖြင့် ပိုမိုလွယ်ကူစေပါတယ်။

NodeMCU ရဲ့ နောက်ထပ်ထူးခြားချက်က Lua Programming Language (Light Python) ကို အသုံးပြုနိုင်ခြင်းပါ။ Computer သမား Python Language ကိုမှ သုံးရတာ အားရသူတွေအတွက် Lua Language ကို သုံးပြီး NodeMCU ကို Develop လုပ်နိုင်ပါတယ်။


Widget not in any sidebars

နည်းပညာပိုင်းထူးခြားမှုတွေကတော့

  1. WIFI ကို Server အနေနဲ့ရော Client အနေနဲ့ပါ အသုံးပြုနိုင်ခြင်း
  2. Low Power Sleep Mode ထည့်သွင်းထားခြင်း
  3. Arduino ပါစရာမလိုပဲ NodeMCU ၁ ခုထဲဖြင့် တော်တော်များများ Design လုပ်နိုင်ခြင်း
  4. Mobile App များဖြင့် တွဲဖက်အသုံးပြုနိုင်ခြင်း
  5. စျေးနှုန်းသက်သာခြင်းတို့ ဖြစ်ပါတယ်။

အသေးစိတ်ကို အောက်ပါ လင့်မှာ ဖတ်ရှုနိုင်ပါသည်။


Widget not in any sidebars
NodeMCU — a firmware based on ESP8266 wifi-soc.


Widget not in any sidebars

Source: NodeMCU — An open-source firmware based on ESP8266 wifi-soc.