WEBServer_bb

NodeMCU (ESP8266) Ajax Web Server

ဒီ Project မှာ NodeMCU (ESP8266) ကို သုံးပြီး Web Server ရေးနည်းကို လေ့လာသွားမှာပါ။ Arduino IDE ကို ပဲ အသုံးပြုထားပြီး NodeMCU, DHT22 (Temperature and Humidity) Sensor, LEDs ချိတ်ဆက်ပုံကတော့ အောက်ပါ အတိုင်းပါ။ LED တွေ နေရာမှာ Relay များ ပြောင်းလဲ အသုံးပြုလို့ ရပါသည်။ ဒီ Project က Web Server ပိုင်းကို အဓိကလေ့လာမှာ ဖြစ်လို့ Hardware အလုပ်လုပ်ပုံ မဆွေးနွေးတော့ပါဘူး။

WEBServer_bb

Webpage Writing

Arduino Code တွေထဲကို မထည့်ခင့် Ajax သုံး html code ကို w3schools website မှာ စမ်းသပ်လို့ရပါသည်။ စမ်းသပ်ဖို့ Website Address ကတော့ အောက်ပါ အတိုင်းဖြစ်သည်။

http://www.w3schools.com/ajax/tryit.asp?filename=tryajax_first

Code Example ကို Link ကို Click လုပ်ပြီး ဒေါင်းလုပ် လုပ်ပါ။ w3schools မှာ စမ်းသပ်ကြည့်ပါ။

w3School

Adding To Arduino Code

အောက်ပါ Arduino Code နှင့် HTML Code ယှဥ်ပြထားသည့် ပုံကိုကြည့်ပါ။

Comparison

HTML Code ရေးထားသည့် အတိုင်း Android Code တွင် ပြထားသည့် အတိုင်းရေးရုံသာဖြစ်သည်။

Example Code

Example Code တွင် DHT22 module ကို သုံးထားသောကြောင့် DHT22 Library ထည့်သွင်းရန်လိုအပ်သည်။ Ajax Coding စနစ်ကို w3school က http://www.w3schools.com/ajax/ တွင် လေ့လာနိုင်သည်။ Ajax ကို သုံးရခြင်းမှာ Build-in Function များ ပါဝင်သော ကြောင့် အလွယ်တကူ ယူသုံးခြင်းဖြစ်သည်။ အခြား Web coding စနစ်များ (HTML5, HTML, Java) စသည်တို့ အသုံးပြုပြီးလည်း ရေးသားနိုင်သည်။ စမ်းသပ်အောင်မြင်နိုင်ကြပါစေ။

Webpage

***ဒေါင်းလုပ်လုပ်ပြီးမှ စမ်းသပ်ပါ။ CodeBender တွင် ESP8266 NodeMCU အလုပ်မလုပ်ပါ။