Raspberry PI Image ကို Download ကနေ ဒေါင်းလုပ်လုပ်ရမည်ကို သိရှိထားပြီးဖြစ်သည်။ ဒေါင်းလုပ်လုပ်ထားပြီးသော Image File ကို SD Card အတွင်းသို့ မည်သို့ Write လုပ်ရမည်ကို ဆွေးနွေးသွားမည်။

Requirements

  1. SD Card Reader
  2. SD Card Formatter Software
  3. Win32DiskImager Software

Laptop တော်တော်များများတွင် SD Card Reader ပါရှိသဖြင့် အသစ်ဝယ်စရာမလိုပဲ အသုံးပြုနိုင်သည်။ SD Card Reader မရှိပါက ဝယ်ယူဖို့လိုအပ်မည်။

SD Card Formatter Software ကို အောက်ပါ ဒေါင်းလုပ်လင့်မှ ဒေါင်းနိုင်သည်။

[tx_button style=”default” text=”SD Formatter Download Here” url=”https://www.sdcard.org/downloads/formatter_4/index.html” color=”#dd3333″ textcolor=”#1e73be” target=”self”] [do_widget id=text-8]

Win32DiskImager Software ကို အောက်ပါ ဒေါင်းလုပ်လင့်မှ ဒေါင်းနိုင်သည်။

[tx_button style=”default” text=”SD Win32DiskImager Download Here” url=”https://sourceforge.net/projects/win32diskimager/” color=”#dd3333″ textcolor=”#1e73be” target=”self”] [do_widget id=text-8]

သတိပြုရန် အချက်များ

SD Card Size အနည်းဆုံး 8GB လိုအပ်သည်။ Card အသစ်ဖြစ်ပါက Format ချရာတွင် SD Card Formatter ကို မဖြစ်မနေ သုံးဖို့လိုအပ်သည်။ Windows Format Function ကို သုံးက အလုပ်မလုပ်နိုင်ပါ။

moblin-image-writer

Image Write ရန် Win32DiskImager တွင်

(၁) SD Card Drive ကို ရွေးပါ။

(၂) Image ကို ရွေးပါ။

(၃) Write ကို နှိပ်ပါ။

SD Card Drive အရွေးမှာတတ်သည်။ မှား ရွေးက အခြား Memory Stick ထဲက ဒေတာများ ပျက်စီးသွားနိုင်သည်။

SD Card သည် မကြာခဏ Data Corrupt ဖြစ်တတ်သဖြင့် မိမိလုပ်ပြီးသည်အထိ Back Up ပြန်လုပ်ဖို့လိုသည်။ Win32DiskImager မှ Read Button နှိပ်ပြီး RPI Image ကို Backup လုပ်ယူနိုင်သည်။

  [do_widget id=text-8]