Raspberry Pi  ပထမဆုံး စတင် အသုံးပြီးပြီးဆို အောက်ပါ အဆင့်များကို ပြုလုပ်ရမည်သာဖြစ်သည်။

၁) SD Card ကို RPI ရဲ့ SD Card Slot ထဲ ထည့်ပါ။ (SD Card ထဲသို့ Operating System ထည့်နည်းကို အရင် ဆောင်းပါးတွင် ဆွေးနွေးခဲ့ပြီးဖြစ်သည်။)

၂) USB Keyboard နှင့် Mouse ကို RPI ရဲ့ USB ဖြင့် ချိတ်ဆက်ပါ။

၃) HDMI ကြိုးကို အိမ်က TV သို့ Computer Monitor သို့ချိတ်ဆက်ပါ။ HDMI Connector ပါသော TV or Monitor ဖြစ်ဖို့တော့လိုသည်။

၄) 5V USB Power ဖြင့်ချိတ်ဆက်ပါ။ Android Phone Adaptor (5V/2A) များသုံးက ပိုကောင်းမွန်သည်။

၅) RPI 2 အထိ Ethernet Cable ဖြင့် Internet သို့ ချိတ်ဆက်နိုင်ပြီး RPI 3 ဖြစ်ပါက On-Board WIFI ပါသည့် အတွက် Internet Wireless Network သို့ တိုက်ရိုက် ချိတ်ဆက်နိုင်ပါသည်။

Login

raspberrypi login: pi

Password: raspberry

pi@raspberrypi~$ startx (Console Windows ဖြင့် စတင်ပါက startx command ပေးပို့ပြီး စတင်ရမည်)

Linux Operation System ကို အသုံးပြုထားသောကြောင့် Console Terminal ကို မည်သို့သုံးရမည်ကို မဖြစ်မနေသိရှိဖို့လိုသည်။ Linux OS enviroment တွင် Software အသစ်သွင်းချင်သည်ဖြစ်စေ Update လုပ်သည်ဖြစ်စေ၊ shutdown လုပ်သည်ဖြစ်စေ Console Terminal ကို အသုံးပြုနိုင်သည်။ Console Terminal သည် Windows တွင် DOS Command windows နှင့် တူသည်။

To open a terminal

ဘယ်ဘက် ထောင့်မှာရှိသော Desktop menu မှ Accessories -> LXTerminal

pi@raspberrypi~$ sudo shutdown -h now

Raspberry Configuration

pi@raspberrypi~$sudo raspi-config

Internationalisation:

Default Keyboard သည် UK-style layout ဖြစ်သည်။ မိမိလက်ရှိ အသုံးပြုနေသော keyboard သုံးချင်ပါက 101-key PC, English (US) layout

locale (en-UK. UTF-8), time zone (Asia, Yangon)

pi@raspberrypi~$sudo reboot

Using the Command line

အောက်ပါ command တွေကို သိဖို့လိုအပ်မည်။

Autocomplete -tab (tab ခလုပ်ကို နှိပ်ရန်ဆိုလိုသည်)

History -up/down

Root – $ cd /

Home – $ cd ~

Change path (up) – $ cd ..

Change path (relative to current) – $ cd ./relative

List files – $ ls or $ ls -la

Rename a file -$ mv oldname newname

Create an empty file – $ touch filename

Remove a file – $ rm filename

Remove a directory – $ rm -r directory

Control-C ကို လက်ရှိ အလုပ်လုပ်နေသော Program ကို kill လုပ်လိုက သုံးသည်။

BOLD လုပ်ထားသော commands များသာ မှတ်သားထားဖို့လိုသည်။

SUDO (Super User)

sudo command သည် အသုံးပြုနေသူအား Super User အနေဖြင့် Operating System ကို ထိန်းချုပ်ခွင့်ရရန် အသုံးပြုသည်။

$ date (PRI ၏ နေ့ရက် နာရီကို သိနိုင်သည်)

$sudo date –set=”Fri Jun 08 22:30:00 SGT 2016″ (RPI ၏ ရက် လ နာရီကို Setting လုပ်ရန်)

apt-get install

software ၁ ခု install လုပ်မည်ဆိုပါက အောက်ပါအတိုင်းအသုံးပြုသည်။

pi@raspberrypi~$sudo apt-get install emacs