ssr

Testing Solid State Relay

ပုံမှန်အားဖြင့် ကျွန်တော်တို့ တွေ Electromechanical Relay ကိုပဲ သုံးကြတာပါ။ သူ့ကို အလုပ်လုပ်မလုပ်စမ်းသပ်ရတာလည်း လွယ်ပါတယ်။ Power Supply ပေးလိုက်ရင် အသံမြည်တာကိုး။

Solid State Relay ကိုတော့ Electromechanical Relay တွေလို စမ်းသပ်လို့ မရပါဘူး။ ပြသနာက Internal Circuit Structure ကြောင့်ပါ။

Internal Circuit ကိုကြည့်ရင် Output Stage မှာ Moving Part (ရွေးလျားနေသော switch) မရှိပါဘူး။ SCR 2 လုံးကို Back-to-Back ချိတ်ဆက်ထားပါတယ်။ ထို SCR တွေ အလုပ်လုပ်စေချင်ရင် အလွယ်ပြောရင်တော့ Power Supply ပေးရတော့မှာပေါ့။ ထပ်ပြောရရင် Solid State Relay တွေကို Output Load AC Power နဲ့ မချိတ်ပဲ စမ်းသပ်လို့ မရပါဘူး။

စမ်းသပ်ဖို့ အသုံးပြုရမယ့် Circuit က အောက်ပါ အတိုင်းပါ။