မြန်မာနိုင်ငံထုတ် ပစ္စည်းတော်တော်များများဟာ Transformerless Power Supply (TPS) Design ကို အသုံးပြုကြတာ သတိထားမိပါတယ်။ အထူးသဖြင့် ဘုရားမီးတွေက အစပေါ့။ သို့သော် TPS Design တွေမှာ အားနည်းချက်တော်တော်များများ ရှိသလို အန္တရာယ်လည်း များလှပါတယ်။ အားနည်းချက်တွေက အောက်ပါအတိုင်းပါ။

  1. No Galvanic Isolation – 230Vac နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ အတွက် 230Vac နဲ့ Device တွေကြားထဲ Isolation မရှိပါဘူး။ ပြဿနာက Device က Short Circuit ဖြစ်ရင် အိမ် မီးလောင်ပါမယ်။ 230Vac မငြိမ်ရင် ပစ္စည်းခဏလေးပျက်ပါမယ်။ Circuit ကို သေချာလုံခြုံတဲ့ Casing မလုပ်ထားရင် ဓါတ်လိုက်ပါမယ်။
  2. Low Current – Current နည်းနည်းလေးပဲ ထုတ်ယူလို့ ရပါတယ်။ 5V 2A လိုမျိုး မစဥ်းစားနဲ့။
  3. Unstable – ထွက်လာတဲ့ Voltage က တည်ငြိမ်မှု မရှိပါဘူး။ Zener Diode က ဘယ်လောက်ပဲ Stable ဖြစ်အောင်လုပ်လုပ်ပေါ့။
  4. Voltage Fluctuation – C2 ရဲ့ Voltage က အဝင် 230Vac မငြိမ်တိုင်း သူလဲ မငြိမ်တော့ Zener မှာ ပြဿနာတက်ရော။
  5. High Input after rectifications – Bridge Rectifier Diode တွေ အထွက်မှာ သုံးတဲ့ Capacitor Rating တွေက 25-40V DC သုံးကြတာများတယ်။ Zener ကို တော့ မိမိလိုချင်တဲ့ Voltage  5-15V DC အထိ Clamp လုပ်ဖို့ သုံးကြတယ် ဆိုတော့ အနိမ့်ဆုံးနဲ့ အရင် တွက်ကြည့်ရင် 25-5 ဆိုပါက Zener က 20V လောက် Clamp လုပ်ပေးရမှာဖြစ်တယ်။ ဒီအချက်ကပဲ စျေးပေါတဲ့ တရုတ်လုပ်ဖြစ်ဖြစ် မြန်မာလုပ်ဖြစ်ဖြစ် TPS Design တွေ ခဏခဏပျက်တာပေါ့။
  6. Noise And Transients – AC နဲ့ တိုက်ရိုက်ချိတ်ထားတော့ Noise ဝင်တာတော့ အထူးရှင်းပြဖို့ မလိုဘူး။ Output Voltage ထဲကို အဲ့ Noise & Transient တွေ တွဲဝင်သွားရင် SCR တို့ TRIAC တို့ အဝင်တွေမှာ Fault Signal အနေနဲ့ သွားပေးတတ်တယ်။
  7. EMC Test Fail – EMC/EMI Test ကတော့ Pass ဖြစ်စရာ အကြောင်း မရှိဘူး။ စင်ကာပူလိုနေရမျိုးမှာ Safety မအောင်လို့ သုံးခွင့်ကို မရှိဘူး။

TPS Design သုံးရင် ဖြစ်မယ့် ပြဿနာတွေပါ။

သီဟကျော်